ဒူးမည်းတာ ဖြူအောင်လုပ်နည်း
29-Oct-2016
စကတ်တိုတို၊ ဘောင်းဘီတိုတိုလေးတွေ ဝတ်တဲ့အခါ ဒူးခေါင်းတွေ မည်းနေရင် မိန်းကလေးအတော်များများစိတ်ရှုပ်ရပါတယ်။ ဒါကြောင့် ဒူးမည်းတာတွေ သက်သာဖို့အတွက် အိမ်မှာလုပ်ကြည့်နိုင်တဲ့ နည်းလေးတွေ မျှဝေပေး လိုက်ပါတယ်။
အိမ်မှာသံပရိုသီးအလွယ်တကူရှိရင် တစ်ဝက်လောက် လှီးပြီးဒူးကို ၁၀ မိနစ်လောက်ကြာအောင် ပွတ်ပေးပါ။ အရည်တွေ လက်ဖက်ရည် တစ်ဇွန်းစာကိုခပ်ပျစ်ပျစ် ဖျော်ပြီးဒူးကိုသုတ်လိမ်းပြီး ၁၀ မိနစ်လောက် ပွတ်ပြီး နှိပ်နယ်ပေးကာရေခပ်နွေးနွေးနဲ့ ဆေးကြောတာမျိုးလည်းလုပ်နိုင်ပါတယ်။ နောက်ပြီးမုန့်ဖုတ်ဆော်ဒါရှိရင်လည်း ခပ်ပျစ်ပျစ်ဖျော်ပြီး အထက်ပါ နည်းအတိုင်းလုပ်ပေးလို့ ရပါတယ်။
နောက်တစ်ခုကတော့ အုတ်ဂျုံမှုန့်လက်ဖက်ရည် နှစ်ဇွန်းနဲ့ ခရင်မ်နှစ်ဇွန်း ကိုရောပြီးဒူးမှာလိမ်းကာ နှစ်မိနစ်လောက်ထားပါ။ ပြီးရင် ၁၀ မိနစ်လောက် ကြာအောင် နှိပ်နယ်ပေးပြီးရေအေးနဲ့ ဆေးလိုက်ပါ။ ဒီလိုမျိုးပုံမှန် လုပ်ပေးမယ်ဆိုရင် ဒူးကအရေ ပြားဆဲလ်သေတွေကိုဖယ်ရှားပေးကာဒူးအရောင်ပြောင်းသွားတာတွေ့ရမှာပါ။
Ref: wellnessbin 7daydaily No.713 Friday, April 24, 2015
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
