Print

အသားခြောက်သူများအတွက် သဘာဝအစိုဓာတ်ထိန်းခရင်မ်

  17-Jan-2019
Preview Image

အမြဲတမ်းနုပျိုလှပနေသူတွေဟာ အစိုဓာတ်ထိန်းခရင်မ်ကို မဖြစ်မနေ အသုံးပြုလေ့ရှိကြပါတယ်။ အသားအရေခြောက်သွေ့မှုကို ကာကွယ်ပေးလို့ အရေးကြောင်းဖြစ်တာကို တားဆီးနိုင်ပါတယ်။ အမြဲတမ်း နုပျိုသူတွေဟာ သဘာဝကရတဲ့ အစိုဓာတ်ထိန်းသိမ်းပေးနိုင်တဲ့ အောက်ပါပစ္စည်းတွေကို အသုံးပြုလေ့ရှိတတ်ကြပါတယ်။ 


ပျားရည်

ပျားရည်မှာ သဘာဝပိုးသတ်အာနိသင်ရှိပြီး အသားအရေ အစိုဓာတ်ထိန်းခရင်မ်အဖြစ်လည်း အသုံးပြုနိုင်ပါတယ်။ ပျားရည်နဲ့ ပိုးသတ်အာနိသင်က ဝက်ခြံမဖြစ်အောင် ကာကွယ်ဖို့နဲ့ မျက်နှာပေါ်ရှိ ဝက်ခြံတွေ သက်သာဖို့ အသုံးပြုနိုင်ပါတယ်။


သံလွင်ဆီ

သံလွင်ဆီက ဆောင်းရာသီ အေးချမ်းမှုကြောင့်ဖြစ်လာတဲ့ အသားအရေခြောက်သွေ့မှုကို အသုံးပြုဖို့ အကောင်းဆုံးပါ။ သံလွင်ဆီမှာပါဝင်တဲ့ လီနိုလင်းနစ် အက်စစ်က အရေပြားကနေ အစိုဓာတ်တွေ ဆုံးရှုံးမသွားအောင် ကာကွယ်ပေးပါတယ်။


ရှားစောင်းလက်ပပ်

ရှားစောင်းလက်ပပ်မှာ အင်တီအောက်ဆီးဒင့်နဲ့ ဗီတာမင်တွေပါဝင်တာကြောင့် အသားအရေကို စိုပြည်လှပစေပါတယ်။ ဆဲလ်တွေ ပျက်စီးမှုမှ ကာကွယ်ပေးပြီး အရွယ်တင်နုပျိုစေပါတယ်။


ထောပတ်သီး

ထောပတ်သီးမှာ ဗီတာမင်အီးများစွာ ပါဝင်ပြီး အရေပြားအစိုဓာတ်ကို ထိန်းပေးတာကြောင့် အသားအရေ လှပစိုပြည်စေတဲ့အပြင် အရေပြားအိုမင်းမှုကိုလည်း တားဆီးပေးပါတယ်။ 


နှင်းဆီပွင့်ဖတ်ရည်

နှင်းဆီပွင့်ဖတ်ရည်က အရေပြားချွေးပေါက်ပိတ်တာ၊ ချွေးပေါက်ထိပ်မှာ အမည်းဆံလေးတွေ ရှိတာနဲ့ သက်ကြီးအရေးကြောင်းတွေကို လျော့ပါးသက်သာစေပါတယ်။ 


Credit:

ပန်းနွယ်လေး (ဆေးဝါးတက္ကသိုလ်)



Related Articles


Advertisment 18