ပိုးသတ်ဆပ်ပြာ သုံးသင့် မသုံးသင့်
17-Nov-2017
အရေပြားပေါ်က ပိုးတွေအကြောင်းပြောတဲ့အခါ ပိုးသတ်ဆပ်ပြာတွေအကြောင်းလည်း ပြောမှ ပြည့်စုံမယ်ထင်ပါတယ်။ ပိုးသတ်ဆပ်ပြာ (Antibacterial Soap) တွေ မှာပါဝင်တဲ့ ပိုးသတ်ဆေးတချို့ဟာ ရေရှည်မှာ အန္တရာယ်ကင်း၏၊ မကင်း၏ မသေချာသေးတာကြောင့် FDA အချို့က ထောက်ခံမှုမပေးကြပါဘူး။ နောက်ပြီး အဲဒီပိုးသတ်ဆေးကြောင့် ရန်သူပိုးရော၊ မိတ်ဆွေပိုးရော အားလုံးသေသွားပြီး အရေပြားပိုးတွေရဲ့ သဟဇာတဖြစ်ပြီး တည်ငြိမ်နေတဲ့ အနေအထားပျက်စီးပြီး ဆေးယဉ်ပါးမှုဖြစ်နိုင်တယ်လို့ဆိုသူက ဆိုကြပါတယ်။ အမေရိကန်နိုင်ငံ FAD ကတော့ ပိုးသတ်ဆပ်ပြာတွေမှာ သုံးလေ့ရှိတဲ့ ပိုးသတ်ဆေး ၁၉ မျိုးကို တင်းကျပ်စွာ တားမြစ်ထားပါတယ်။ ဒါပေမဲ့ တချို့သုတေသသီတွေကတော့ ပိုးသတ်ဆပ်ပြာတွေကြောင့် ဝမ်းလျှော့ဝမ်းပျက်ရောဂါတွေ သိသိသာသာလျှော့နည်းသွားတာ အခို်င်အမာပဲလို့ ဆိုကြပြန်ပါတယ်။
တချို့ကတော့ ပုံမှန်သုံးနေကြဆပ်ပြာတွေကလည်း ရောဂါပိုးတွေကို သေစေတာပဲမို့ ထူးပြီး မလိုပါဘူးဆိုတဲ့သူက ဆိုပါတယ်။ ပြောရရင် ဒီဆပ်ပြာတွေနဲ့ ပတ်သက်ပြီး ပညာရှင်တွေကြားမှာ ယနေ့တိုင် အငြင်းပွားနေဆဲပါ။ ရိုးရိုးဆပ်ပြာသုံးသုံး၊ ပိုးသတ်ဆေးဆပ်ပြာ သုံးသုံး ရေများများနဲ့ စနစ်တကျ သန့်စင်ဆေးကြောပေးပါ။ ဒါဆိုရင် ကူးစက်နိုင်တဲ့ပိုးတွေကတော့ လတ်တလော လျှော့ပါးသွားမှာ သေချာပါတယ်။ တချို့ကျတော့ ပိုးတွေကို အကြောက်လွန်ပြီး ပိုးသတ်ဆေးဆပ်ပြာတွေ၊ အယ်လကာလီဓာတ် ကဲတဲ့ ဆပ်ပြာအပြင်းစား (Harsh Soap) တွေနဲ့ ဆေးတတ်ကြပါတယ်။ ပိုးတွေသေ၊ မသေပြဿနာမဟုတ်ပေမယ့် ကြာတော့ အသားတွေ ခြောက်လာပြီး အယားပြဿနာကြုံရပါလေရော။ ဒီတော့ အရေပြားပေါ်က ပိုးတွေကို ကြောက်သင့်သလောက်ပဲ ကြောက်ပါ။ အကြောက်မလွန်ကြပါနဲ့လို့ အကြံုပြုလိုက်ပါတယ်။
Credit: ဒေါက်တာဦးကျော်ကျော်
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
