အသားအရေကို အာဟာရပြည့်အောင်ဖြည့်ပါ
22-Sep-2017
အမျိုးသား၊ အမျိုးသမီးတိုင်းရဲ့ အပြင်ပန်းမှာ မြင်ရတဲ့ အသားအရေရဲ့ ပုံရိပ်လက္ခဏာဟာ အဲဒီလူတစ်ယောက်ရဲ့ ကျန်းမာရေး အဆင့်အတန်းကို ဖော်ပြလျက်ရှိပါတယ်။ အကယ်၍ ကျန်းမာရေးကို လေ့လာလိုက်စားသူဖြစ်တဲ့အပြင် ဘဝနေထိုင်မှု ပုံစံကို ညီညွတ်မျှတအောင် နေထိုင်မယ်၊ စိတ်ဖိစီးမှုတွေကို လျှော့ချနိုင်မယ်ဆိုရင် ပျော်ရွှင်ကျန်းမာ လှပတဲ့ဘဝကို ပိုင်ဆိုင်နိုင်မှာပါ။ ဒီလိုမှ မဟုတ်ဘဲ အရက်သေစာ သောက်စားခြင်း၊ အစားအသောက်ကို မျှမျှတတဖြစ်အောင် ပုံမှန်မစားခြင်း၊ လေ့ကျင့်ခန်း ပုံမှန်မလုပ်ဖြစ်ခြင်းနဲ့ အလုပ်ကို မနိုင်ဝန်ထမ်းမိတဲ့ အခါမှာ ရောဂါဘယတွေ ဖြစ်လာတတ်ပြီး ကျန်းမားရေး ထိခိုက်လာတတ်ပါတယ်။ ဒါပေမဲ့ လအနည်းငယ်အတွင်းမှာ မိမိရဲ့နေထိုင်မှုပုံစံကို တတ်နိုင်သမျှ ပြောင်းလဲလုပ်ဆောင်နိုင်ခဲ့ရင် ရလဒ်ကောင်း ရလာစေမှာ အမှန်ပါပဲ။
လူတိုင်းလူတိုင်းဟာ ရခဲလှတဲ့ လူ့ဘဝမှာ နေထိုင်မှုပုံစံမှန်ကန်အောင် နေထိုင်သွားတတ်ဖို့ အရေးကြီးပါတယ်။ ဒါမှသာ ကျန်းကျန်းမာမာနဲ့ အသက်ရှည်ရှည် နေထိုင်သွားရမှာ မဟုတ်ပါလား။ နေထိုင်မှုပုံစံမှန်ကန်အောင် လုပ်ဆောင်ဖို့ အချက်များစွာ ရှိတဲ့အထဲမှာ သူသူကိုယ်ကိုယ် လူတိုင်း လုပ်ဆောင်နိုင်တဲ့ အဓိကအချက်တွေကတော့ အယူအဆမှားတွေကို ပယ်ဖျက်နိုင်ရမယ့်အပြင် သဘာဝတရားတွေကို အရှိအတိုင်း အကောင်းမြင်တတ်ဖို့လိုပါတယ်။ ဒီ့ပြင် စိတ်ဖိစီးမှု ဒဏ်တွေကို လျှော့နိုင်သမျှ လျှော့ချနိုင်အောင် ကြိုးစားပြီး လျော့နည်းနေတဲ့ အာဟာရဓာတ်အတွက် ဖြည့်စွက်ဆေးဝါးများနဲ့ အစားထိုးပါ။ လိုအပ်ရင် မွန်းကျပ်တဲ့အခါမျိုးမှာ အိပ်အပြင်ထွက်လည်တာတို့၊ ကိုယ်ဝါသနာပါရာလေးတွေ လုပ်တာမျိုးနဲ့ အပန်းဖြေပါ။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ဘဝလေးသာယာ ချမ်းမြေ့နေစေဖို့အတွက်ကတော့ နည်းလမ်းရှာပြီးနေတတ်ဖို့ လိုအပ်ပါတယ်။ လူ့ဘဝမှာ ကောင်းကောင်းမွန်မွန်နဲ့ ပျော်ပျော်ရွှင်ရွှင်နေခြင်းဟာ ကျန်းမာရေးကောင်းမွန်ပြီး အသားအရေစိုပြည် လှပစေဖို့အတွက် အာမခံချက်တွေပါပဲ။
Credit:
နန်းအိအိဇာ
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
