Print

အလှအပ ပြဿနာများအတွက် ဖြေရှင်းနည်း

  01-Mar-2017
Preview Image

 

ကြမ်းတမ်းပြီး မွဲခြောက်နေတဲ့ မျက်နှာပြင်
ထောပတ်သီးအဖတ်နဲ့ မျက်နှာပြင်ကို ပွတ်တိုက်ပြီး အချိန် ၁၀ မိနစ်လောက်ကြာအောင် ထားပေးရပါမယ်။ ပြီးမှ ရေဆေးချလိုက်ပါ။ ဒီလိုမျိုး ဖြစ်နိုင်လျှင်တစ်ပတ်နှစ်ကြိမ်လောက် ပြုလုပ်ပေးမယ်ဆိုရင် အသားအရေပြန်လည် ကောင်းမွန်လာပါလိမ့်မယ်။

 

မျက်ဝန်းအောက်ညိုတာ ပျောက်ကင်းအောင်

ဒီလို ပြဿနာမျိုးအတွက်ဆိုရင် အာလူးကို ပါးပါးလှီးပြီး အဲဒီနေရာမှာ ၁၀ မိနစ်လောက် ကပ်ပေးထားမယ်ဆိုရင် အညိုရောင်ကို မှေးမှိန်လာစေနိုင်ပါတယ်။

 

မျက်ခွံ ဖောင်းအစ်နေတယ်ဆိုရင်
မျက်ခွံပေါ်ကို သခွားသီးလှီးထားတာလေးတွေ ၁၀ မိနစ်လောက် ကပ်ပေးထားရင်ပျောက်ကင်းသက်သာနိုင်ပါတယ်။ 

 

Moisturizer လို သုံးချင်တယ်ဆိုရင်
- သံလွင်ဆီ အနည်းငယ်၊
- အခြားနှစ်သက်ရာ အဆီအနည်းငယ်  အဲဒီနှစ်မျိုးကို ရောစပ်ပြီး အရေပြားပေါ် လိမ်းကြံခဲ့မယ်ဆိုရင် Moisturizer လို အာနိသင်ရလာနိုင်မှာပါ။

 

နှုတ်ခမ်းတွေ ကြမ်းတမ်းနေခဲ့မယ်ဆိုရင် 
နှုတ်ခမ်းနှစ်လွှာ နူးညံ့စေဖို့အတွက် သံလွင်ဆီနဲ့ ပွတ်လိမ်းပေးမယ်ဆိုရင် အဆင်ပြေသွားနိုင်ပါတယ်။ 

 

အရေပြားချောမွတ်စေဖို့ နောက်တစ်နည်း
- အသုံးပြုပြီးသား ကော်ဖီမှုန့် သုံးဇွန်းနဲ့ 
- ဆားစားပွဲတစ်ဇွန်း နှစ်ဇွန်း
အဲဒီနှစ်မျိုးကို ရောပြီးချိုးမယ်။ ရေထဲမှာ ရောစပ်ထည့်ချိုးခဲ့မယ်ဆိုရင် အရေပြားနူးည့ံလာစေပါလိမ့်မယ်။ 

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit: Angel 
Health for all magazine, July 2016, Pg.39

 



Related Articles


Advertisment 18