သင့်နှုတ်ခမ်းလေး မည်းနေတယ်ဆိုရင်
01-Mar-2017
သင့်အနေနဲ့ နေရောင်ခြည်ထဲကို အမြဲသွားရောက်နေသူ တစ်ယောက်ဆိုရင် သင့်နှုတ်ခမ်းလွှာတွေ အတွက်တော့ စိုးရိမ်စရာပါပဲ။ နှုတ်ခမ်းလွှာတွေဟာနေရောင်ခြည်ဒဏ် ခံရမယ်ဆိုရင် တစ်ခြားအရေပြားနေရာတွေထက် ပိုပြီး ထိရှလွယ်ပါတယ်။ အဲဒီလို နေရောင်ခြည်ဒဏ်ခံရလို့ နှုတ်ခမ်းလွှာလေးတွေ မည်းနေတယ်လို့ သင့်ကိုသင် ထင်နေတယ်ဆိုရင်တော့ -
သံပရိုသီးနဲ့ ပျားရည်
သံပရိုသီးဟာ သင့်ရဲ့နှုတ်ခမ်းလွှာတွေ ပြန်လည် တောက်ပလာစေဖို့အတွက် သဘာဝပစ္စည်းတစ်ခု ဖြစ်ပါတယ်။ ပျားရည် စားပွဲတင်ဇွန်း တစ်ဇွန်းနှင့် သံပရိုသီးအရည် စားပွဲတင်ဇွန်း တစ်ဇွန်းတို့ကို ရောစပ်ပြီး အိပ်ခါနီး သုတ်လိမ်းပေးမယ်ဆိုရင် နှုတ်ခမ်းလေးတွေ မဲနေလို့ စိတ်ညစ်နေတဲ့ ပျိုမေတွေအတွက် ကောင်းမွန်တဲ့ ရလဒ်တွေကို ရရှိစေမှာပါ။
ရေများများသောက်ပါ
အကယ်၍ နှုတ်ခမ်းသားတွေ ခြောက်သွေ့နေမယ်ဆိုရင် တစ်နေ့ကို ရေဓာတ်ပြန်လည် ဖြည့်တင်းဖို့အတွက် ရေ ၁၀ ခွက်လောက် သောက်ပေးသင့်ပါတယ်။ ရေဓာတ်ဖြည့်ပေးတဲ့ နှုတ်ခမ်းလွှာဟာ ပျက်စီးခြင်း အခြေအနေတွေကို နည်းပါးစေပါတယ်။
ဗီတာမင် ဘီ
ဗီတာမင် ဘီ ပါဝင်တဲ့ အသီးအနှံများကို စားပေးခြင်းဟာ နှုတ်ခမ်းလွှာတွေအတွက် အသုံးဝင်တဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် နှုတ်ခမ်းလွှာတွေ မည်းနေတာဟာ ဗီတာမင် ဘီ လိုအပ်နေလို့ပါပဲ။ ဗီတာမင် ဘီ ပါဝင်တဲ့ ပဲပုပ်၊ ကော်ဖီပန်းပွင့်၊ အစိမ်းရောင် ရှိသော ဟင်းရွက်များ၊ ကြက်ဥစတဲ့ ဟင်းသီး ဟင်းရွက်တွေကို သင့်ရဲ့အစားအသောက် ပုံစံတွေထဲမှာ ထည့်ဝင်စားသုံးပေးမယ်ဆိုရင် မည်းနေတဲ့၊ နေလောင်နေတဲ့ နှုတ်ခမ်းလွှာတွေကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ရင့်ရင့်မွှေး
Health for all magazine, April 2016, Pg. 27
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
