ဘယ်လိုမိတ်ကပ်မျိုးက ကိုယ်နဲ့လိုက်ဖက်မလဲ
01-Mar-2017
ပင်ကိုအလှကို ပေါ်လွင်စေဖို့အတွက်ဆိုရင်တော့ မိတ်ကပ်လိမ်းခြယ်မှုကလည်း အရေးအပါဆုံး အပိုင်းကနေ ပါဝင်လို့နေပါတယ်။ မိမိက မျက်ကွင်းညိုတတ်သလား၊ အဖုအပိမ့်ရှိနေတာမျိုးလား၊ ဝက်ခြံထွက်တာ များနေလား၊ နည်းသလား စတာတွေ အပေါ်မှာမူတည်ပြီး မိမိနဲ့
ဘယ်လို မိတ်ကပ်အမျိုးအစားက လိုက်ဖက်မှုအရှိဆုံးလဲဆိုတာ သိထားဖို့လိုအပ်ပါတယ်။
၁။ အောက်ခံမိတ်ကပ် အမျိုးအစားများ၊ အရည်အမျိုးအစား
ဒီအမျိုးအစားကတော့ အလယ်အလတ်ဖုံးကွယ်မှုကို စွမ်းဆောင်ပေးပါလိမ့်မယ်။ ဒါပေမယ့် အထူကြီး မလိမ်းသင့်ပါဘူး။
၂။ အတောင့်အသွင်
အတောင့်အနေနဲ့ ထုတ်လုပ်ထားတဲ့ မိတ်ကပ်ဟာ အရည်အမျိုးအစားထက်စာရင် အဖုအပိမ့်တွေ ဖုံးကွယ်မှုမှာ အားကောင်းစေပါလိမ့်မယ်။ အဖုအပိမ့် အနည်းငယ်ရှိတဲ့ သူတွေ၊မျက်နှာမှာ အမာရွတ်လေးတွေ ရှိတဲ့သူတွေနဲ့ မျက်ကွင်းညိုတတ်သူတွေ အသုံးပြုဖို့ အဆင်ပြေပါမှာပါ။ Concealer အသုံးမပြုလိုတဲ့ အချိန်မျိုးမှာ ဒီလိုမိတ်ကပ်မျိုးကို ရွေးချယ်သင့်ပါတယ်။
၃။ခရင်မ်အမျိုးအစား
ဒီလို မိတ်ကပ်အမျိုးအစားဟာ ဆိုရင်တော့ အပြည့်စုံဆုံး ဖုံးကွယ်မှုကို ပေးစွမ်းနိုင်ပါလိမ့်မယ်။ ဒါကြောင့်မို့ မျက်နှာမှာ အဖုအပိမ့်နဲ့ အမာရွတ်များသူတွေနဲ့ အသင့်လျော်ဆုံးဖြစ်မှာပါ။
၄။လိုက်ဖက်တဲ့ မျက်နှာလိမ်း ပေါင်ဒါအမျိုးအစား အရောင်ရင့်တဲ့ ပေါင်ဒါအမျိုးအစား
နေပူထဲသွားမယ်ဆိုရင်တော့ ဒီအရောင်ပေါင်ဒါ အမျိုးအစားကို အသုံးပြုရပါမယ်။ မေးရိုးနေရာ၊ မေးစေ့နေရာရဲ့ နှာခေါင်းထိပ်ဖျားပိုင်းနေရာတွေကို ခပ်ထူထူလိမ်းပေးရပါမယ်။
၅။အဝါရောင် သန်းတဲ့အမျိုးအစား
မျက်နှာပေါ်က အပြစ်အနာအဆာတွေ အားလုံးကို ဖုံးကွယ်ချင်တယ်ဆိုရင်တော့ ဒီလိုအမျိုးအစားကို အသုံးပြုရပါလိမ့်မယ်။ ပေါင်ဒါကို မျက်နှာပြင်ပေါ်တို့ရိုက်နာမျိုးမဟုတ်ဘဲ ညင်ညင်သာသာပွတ်လိမ်းပေးရမှာပါ။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
UK
Health for all magazine, October 2015, Pg. 21
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
