မျက်နှာပေါင်းတင်ခြင်း၏ အကျိုးကျေးဇူး
01-Mar-2017
မျက်နှာပေါင်းတင်ရင် ချွေးပေါက်ကျယ်တယ်။ အသားအရေ လျော့တွဲကျတယ်။ ပျက်စီးတယ်။ တစ်ခါ ပေါင်းတင်ပြီးရင် နောက်ထပ် မတင်ဘဲနေလို့မရဘူး။ အသားမည်းသူများ ဖြူသွားတယ်ဆိုတာ ဟုတ်သလားဆိုတဲ့ မေးခွန်းပေါင်း များစွာတို့အတွက် အကျိုးကျေးဇူးများကို ဖော်ပြလိုက်ပါတယ်။
(၁) အရေပြားအောက်ရှိ သွေးလည်ပတ်မှုများကို ညီညွတ်မျှတပြီး ချွေးပေါက်များကို ကျဉ်းသွားစေပါတယ်။
(၂) အရေပြားအောက်ရှိ သွေးလည်ပတ်မှုများကို ညီညွတ်မျှတပြီး အားတိုးစေပါတယ်။
(၃) ချွေးပေါက်ငယ်များကို ပိတ်ဆို့၍ ဝက်ခြံများ ဖြစ်ပေါ်စေတဲ့ ခြောက်သွေ့အသုံးမဝင်တော့သော အသားစိုင်များ၊ ဆဲလ်များ အညစ်အကြေးများကို ဖယ်ရှားပစ်ပါတယ်။
(၄) အသားအရေ အမျိုးအစားအမျိုးမျိုးကို လိုအပ်သလို ပြုပြင်ပြောင်းလဲ စေနိုင်ခြင်း၊ ဥပမာ - ခြောက်သွေ့သော အရေပြားရှိသူအား အဆီဓာတ် ဖြည့်တင်းပေးခြင်း၊ အဆီဓာတ်များသူအား လျော့ပါးစေခြင်း။
(၅) အသားအရေကို ချောမွေ့တောက်ပဝင်းလက်စေပါတယ်။
မျက်နှာပေါင်းတင်တယ်ဆိုတာ အသက်အရွယ်နဲ့လည်း မသက်ဆိုင်ပါဘူး။ အသက်အရွယ်မရွေး မျက်နှာပေါင်းတင်နိုင်ပေမယ့် သတိပြုရမယ့် အချက်ကတော့ မိမိရဲ့ အသားအရေ၊ အမျိုးအစားဟာ ဘယ်လိုအမျိုးအစားထဲမှာပါသလဲ ဆိုတာပါပဲ။ ဒီလို အရေပြားအမျိုးမျိုးအတွက် မျက်နှာပေါင်းတင်တဲ့ ဆေးကိုလည်း ခရင်မ်၊ ဂျယ်လီ၊ အရည်နဲ့ စေးထန်းပျစ်ချွဲရည် စသဖြင့် အသွင်အမျိုးမျိုး ကွဲပြားခြားနားစွာ ဖော်စပ်ရောင်းချလျက်ရှိပါတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
နန်အိအိဇာ
လှသည်ထက်လှမယ်ဆိုရင် စာအုပ်မှကောက်နုတ်ထားပါသည်။
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
