ဆံသားအတွက် အသုံးဝင်သော နာနတ်သီး
01-Mar-2017
ဆံပင်ကျွတ်တာ သက်သာစေတယ်
နာနတ်သီးထဲမှာပါဝင်တဲ့ ဗီတာမင် C ကဆံပင်မကျွတ်အောင် ကူညီပေးနိုင်ပါတယ်။ နာနတ်သီးထဲမှာ အင်တီအောက်ဆီးဒင့်တွေ များစွာပါဝင်လို့ ဓာတ်တိုးမှုကြောင့်ဖြစ်တဲ့ ပြောင်းလဲမှုတွေကို ပြန်လည်ပြုပြင်ပေးနိုင်ပါတယ်။ နာနတ်သီးထဲမှာ ရေပျော်ဗီတာမင် ဓာတ်တွေ ကြွယ်ဝတာကြောင့် ဆံပင်ကျွတ်တာမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဦးရေပြားရောင်ရမ်းမှုကို သက်သာစေတယ်။
ဆံပင်ကျဲပါးတာ မဖြစ်အောင် ကာကွယ်ပေးတယ်
နာနတ်သီးထဲမှာပါဝင်တဲ့ ဘရိုမီလင်အင်ဇိုင်းက ဓာတ်တိုးဆန့်ကျင် အာနိသင်နှင့် ရောင်ရမ်းမှုတွေကို လျော့နည်းစေတဲ့ အာနိသင်တွေရှိပါတယ်။ နာနတ်သီးကို နေ့စဉ် စားသုံးပေးပါက ဦးရေပြားကို ပိုးဝင်ရောက်မှုမှ တားဆီးပေးလို့ ဆံပင်ကျွတ်ပြီး ကျဲပါးတာ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။
ဆံပင်ထူစေတယ်
နာနတ်သီးကို အရည်ညှစ်ပြီး ဦးရေပြားပေါ် လိမ်းပေးပါ။ ၁၅ မိနစ်ထားပြီးမှ ရေနဲ့ သန့်စင်ပြီး လျှော်နေကျ ခေါင်းလျှော်ရည်နှင့် လျှော်ပါ။ နာနတ်သီးထဲမှာပါဝင်တဲ့ အင်ဇိုင်းက ဦးရေပြားကို အားဖြည့်ပေးလို့ ဆံပင်သန်၊ ဆံပင်ပေါက်တာကို အားပေးပါတယ်။
ဆံပင်အဖျားနှစ်ခွ မဖြစ်အောင် ကာကွယ်ပေးတယ်
နာနတ်သီးက ဆံသားရဲ့ ဆွဲဆန့်နိုင်စွမ်းကို မြင့်မားစေလို့ ဆံပင်ပြတ်ပြီး အဖျားနှစ်ခွ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ နာနတ်သီးကို ကြိတ်ပြီး အရည်ညှစ်ယူပါ။ ပြီးမှ ရေနဲ့ သန့်စင်ကာ လျှော်နေကျ ခေါင်းလျှော်ရည်နှင့် လျှော်ပါ။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)
Arogyam magazine, Septmber 2015, Pg. 129
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
