ပိန်ချင်သူများ ပျားရည်သောက်ပါ
01-Mar-2017
ပျားရည်ဟာ သဘာဝသကြားဓာတ်တွေ စုပေါင်းနေတဲ့ တစ်ခုတည်းသော အစာအမျိုးအစားပါ။ ပျားရည်သောက်တာကြောင့် ခန္ဓာကိုယ်တွင်း ဇီဝပြောင်းလဲမှုတွေ ဖြစ်ပေါ်အောင်လှုံ့ဆော်နိုင်တဲ့အပြင် အချိုစာ စားချင်စိတ်ကိုလည်း လျှော့ချနိုင်ပါတယ်။ ကယ်လိုရီလည်း အများအပြား မပါဝင်တာကြောင့် တစ်ပတ်အတွင်း ကိုယ်အလေးချိန် သုံးပေါင်အထိ ကျဆင်းနိုင်တယ်လို့ သိရပါတယ်။ ပျားရည်ကို ညအိပ်ရာဝင်ခါနီ တစ်ဇွန်းလောက် သောက်သုံးရင် ပိန်ချင်တဲ့အတွက် အစာရှောင်စရာလည်း မလိုတဲ့အပြင် စျေးကြီးတဲ့ Dite food တွေကိုလည်း ဝယ်သုံးစရာမလိုတော့ပါလို့ အာဟာရပညာရှင်က ဆိုထားပါတယ်။ ပျားရည်ဟာ သင်အိပ်နေစဉ်အတွင်း သင်ရဲ့အဆီတွေကိုလည်း လောင်ကျွမ်းစေနိုင်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ပျားရည်ဟာ လေ့ကျင့်ခန်း ပြုလုပ်သူတွေအတွက် စွမ်းအင်ပေးနိုင်တယ်။လေ့ကျင့်ခန်း လုပ်နေစဉ်အတွင် ထမင်းစားဇွန်း နှစ်ဇွန်းစာ ပျားရည်ကို ရေနဲ့ အတူတွဲပြီးသောက်ပါက လေ့ကျင့်ခန်း ပြုလုပ်စဉ် ကုန်ဆုံးသွားတဲ့ လောင်စာတွေကို ပြန်လည်ဖြည့်ဆည်း ပေးနိုင်တယ်လို့ သိရပါတယ်။ ဒါပေမဲ့ ပျားရည်ကို တစ်နေ့ထမင်းစားဇွန်း လေးဇွန်းထက် ပိုမသောက်သင့်ဘူး။ ထမင်းစားဇွန်း တစ်ဇွန်းစာ ပျားရည်မှာ ၆၄ ကယ်လိုရီ ပါဝင်တဲ့အတွက် ပိုသောက်မိရင် ပိန်စေတဲ့ အကျိုးကျေးဇူးတွေ လျော့ကျသွားနိုင်တာကြောင့်ပါ။ပျားရည်ဟာ အရက်နာကျမှုအတွက်လည်း အထူးကောင်းမွန်ပါတယ်။ အရက်မသောက်ခင်မှာ ထမင်းစားဇွန်း တစ်ဇွန်းစာ ပျားရည်ကို သောက်သွားပါ။ အိပ်ရာ မဝင်ခင်မှာ တစ်ဇွန်းနဲ့ နောက်တစ်နေ့မနက်မှာ နှစ်ဇွန်းခန့်သောက်ပေးရင် အရက်နာကျဝေဒနာကို သက်သာစေပါတယ်။
ညအိပ်ခါနီး ပျားရည်သောက်တာဟာ အရက်နာကျတဲ့ဝေဒနာကို သက်သာစေတဲ့အပြင် ညဘက် စိတ်ဖိစီးမှုတွေလည်း လျော့ကျနိုင်ပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်တာကြောင့် ခန္ဓာကိုယ်ရဲ့ မိမိဘာသာ ပြန်လည်ပြုပြင်တဲ့ လုပ်ငန်းအတွက် အထောက်အကူဖြစ်စေတဲ့အပြင် အဆီကိုလည်း လောင်ကျွမ်းစေတယ်လို့ သိရပါတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
Arogyam magazine, No.258, Junuary 2014, Pg.142
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
