Sunscreen အကြောင်းသိကောင်းစရာ
01-Mar-2017
Sunscreen သည် နေရောင်ခြည်ကြောင့် အရေပြား ပျက်စီင်္းခြင်းအတွက် လုံလောက်သော ကာကွယ်မှုကို အပြည့်အဝ ကာကွယ်ပေးစွမ်းနိုင်လိမ့်မည်ဟူသော သင်၏ ထင်မြင်ယူဆချက်များ မှားယွင်းနေပေလိမ့်မည်။ သင့်အရေပြားအား နေရောင်ခြည် ဒဏ်မှ ပိုမိုကာကွယ်မှု ရစေရန် အောက်ပါအချက်များကို လိုက်နာကျင့်သုံးနိုင်စေရန်ဖော်ပြပေးလိုက်ပါသည်။
၁။ နေရောင်ခြည်မှ ကာကွယ်ရန် လိုအပ်သော ခန္ဓာကိုယ် အစိတ်အပိုင်းများ အားလုံးကို Sunscreen လိမ်းရန်
လူများသည် အများအားဖြင့် ဆံပင်၊ နားရွက်ထိပ်ပိုင်း များနှင့် မေးရိုးအောက်ပိုင်း များကို Sunscreen လုံလောက်စွာလိမ်းရန် မေ့နေတတ်ကြ သည်။ သို့သော် ၎င်းနေရာ များသည် နေရောင်ခြည်ကြောင့် အရေပြားပို၍ ပျက်စီးနိုင်သော အစိတ်အပိုင်းများဖြစ်သည်။ ထို့ကြောင့် အထက်ပါ အစိတ်အပိုင်းများသို့ Sunscreen stick သို့ spray များကိုပါ လိမ်းထားသင့်သည်။
၂။ သင့်အရေပြား မည်မျှလောက် နေလောင်ဒဏ် ခံထားရသည်ကို သိရှိ သတိထားရန်
သဲများသည် UV rays များကို ၆၀ ရာခိုင်နှုန်းပြန်၍ တုံ့ပြန်နိုင်စွမ်းရှိသည်ဟု အရေပြား ကျွမ်းကျင် ပညာရှင်များ၏ အဆိုအရ သိရှိရပါသည်။ အကယ်၍ သင်သည် ထီး တစ်ချောင်းအောက်တွင် ထိုင်နေစေကာမူ နေလောင်ဒဏ်ကို ခံရမည်ဖြစ်သည် ။ နေရောင်ခြည် ထိုးဖောက်နိုင်စွမ်းရှိသော အခြားမျက်နှာပြင်များတွင် ရေမျက်နှာပြင် များတွင် ရေမျက်နှာပြင်၊ ကားလေကာများနှင့် သင်္ဘောကုန်းပတ်များ စသည်တို့ ပါဝင်သည်။
၃။ အကယ်၍ သင်သည် ထိခိုက်လွယ်သော sensitive skin ကို ပိုင်ဆိုင်ထားပါက Sunscreen ကို အသုံးပြုမည့်အစား sunblock ကို အသုံးပြုရန်
အထိခိုက် မခံနိုင်သော အရေပြားပိုင်ရှင်များ အတွက် ထုတ်လုပ်ထားသော အကောင်းဆုံး ထုတ်လုပ်ကုန်များတွင် Zinc oxide သို့မဟုတ် Titanium dioxide ပါဝင်ပြီး အရေပြားကို နေရောင်ခြည် ထိတွေ့ ပျက်စီးစေခြင်းမှ ကာကွယ်ပေးပါသည်။ Sunscreen တွင် ပါဝင်သော chemical ပစ္စည်းများဖြစ်သည့် Parsol 1789 ကဲ့သို့သော ဓာတ်ပစ္စည်း များက UV rays များ အရေပြားကို ထိုးဖောက်ခြင်းမှ ကာကွယ်ပေးပါသည်။
၄။ Chemical ပါဝင်သော Sunscreen ကို အသုံးပြုနေစဉ်တွင် အိပ်ပြင်သို့မထွက်မီ မိနစ် ၃၀ မတိုင်မီ အဆင့်နှစ်ကြိမ် လိမ်းရန်
အလှကုန်ပစ္စည်းများ ထုတ်လုပ်သူများ သည် ၎င်းတို့၏ ကုန်ပစ္စည်းများက မည်မျှလောက် အစွမ်းရှိသည်ကို လေ့လာနေစဉ်အတွင်း ၎င်းတို့သည် နေရောင်ခြည်နှင့် မထိတွေ့မီ နှစ်ကြိမ် လိမ်းရမည်ကိုမူ သတိမူရန် လိုအပ်ပါသည်။
၅။ သံသယ ရှိနေစဉ်အတွင်း ပို၍မြင့်သော SPF ကိုသာ အသုံးပြုရန်
SPF တစ်မျိုးတည်းကပင် SPF 30 နှင့် နှိုင်းယှဉ်ပါက နေရောင်ခြည် ထိုးဖောက်မှုမှ ကာကွယ်ရာတွင် ပို၍ထိရောက်မှု ရှိကြောင်း သိရသည်။ SPF မြင့်လေလေ နေရောင်ခြည်မှ ပိုမိုကာကွယ်မှု ပေးနိုင်လေမည်လောဟူသော သံသယကို ဖြေရှင်းရန် လွန်ခဲ့သော နှစ်ပေါင်း ၃၀ ကျော်မှစ၍ လေ့လာခဲ့ကြသည်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
အင်ကြင်း
Health for all magazine, No.114,July 2016, Pg.44
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
