အရပ်ရှည်သူများ နှလုံးတိုက်ခိုက်ခံရနိုင်ခြေနည်းပါး
01-Mar-2017
အရပ်ရှည်သူတွေဟာ အရပ်ပုသူတွေထက် သွေးကြောတွင်း သွေးခဲဖတ်ဖြစ်နိုင်ခြေလျော့နည်းတယ်လို့ သုတေသီတွေက ဖော်ထုတ်လိုက်ပါတယ်။ သွေးကြောအတွင်းသွေးခဲဖတ်တွေ စုဆောင်းမှုများလာရင် နှလုံးတိုက်ခိုက်ခံရအောင် လှုံ့ဆော်နိုင်ပါတယ်။ အရပ်ရှည်သူတွေဟာ အရပ်ပုသူတွေထက် သွေးခဲဖတ်ဖြစ်နိုင်ခြေ ၃၀ ရာခိုင်နှုန်းထိ လျော့နည်းနိုင်တယ်လို့ သိရပါတယ်။ မီနီပူလိနှလုံးကျန်းမာရေး တက္ကသိုလ် နှလုံးအထူးကုအဖွဲ့က လူပေါင်း ၂၇၀၃ ယောက်ကို လေ့လာမှု ပြုလုပ်အပြီး မှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ယခင်လေ့လာမှုအများအပြားအရ အရပ်နဲ့ နှလုံးသွေးကြောရောဂါ ဆက်စပ်မှုရှိတယ်ဆိုတာ တွေ့ရှိထားပေမယ့် ဘယ်လိုဆက်စပ်မှုရှိတယ် ဆိုတာကို ရှင်းရှင်းလင်းလင်း မသိခဲ့ပါဘူး။
အခုလေ့လာမှုမှာ CT Scan ကို အသုံးပြုပြီး နှလုံးသွေးကြောအတွင်း သွေးခဲဖတ်ရှိ၊ မရှိသိနိုင်တဲ့ ကယ်လ်စီယမ်ပမာဏကို စစ်ဆေးခဲ့ပါတယ်။ နှလုံးသွေးကြောအတွင်း ကယ်လ်စီယမ် (Coronary artery calcium, CAC) ဟာ နှလုံးတိုက်ခိုက်ခံရဖို့ အတွက် ကြိုတင်သိရှိနိုင်တဲ့ အချက်ဖြစ်ပြီး CAC ပမာဏများနေပါက နှလုံးတိုက်ခိုက်ခံနိုင်ခြေ ၁၀ ဆ ပိုများနိုင်ပါတယ်။ အရပ်ရှည်သူတွေမှာ နှလုံးသွေးကြောတွင်း သွေးခဲဖတ်ဖြစ်နိုင်ခြေ ဟာ အရပ်ပုသူတွေထက် ၃၀ ရာခိုင်နှုန်း လျော့နည်းတာကို တွေ့ခဲ့ပါတယ်။
ယခင်လေ့လာမှုပေါင်း ၅၂ ခုကို ပြန်လည်ဆန်းစစ်ရာမှာလည်း အရပ်ပုသူတွေ ဟာ နှလုံးသွေးကြောရောဂါဖြစ်နိုင်ခြေနဲ့ အဲဒီရောဂါကြောင့် သေဆုံးနိုင်ခြေ ဟာ နှလုံးသွေးကြောရောဂါ ဖြစ်နိုင်ခြေနဲ့ အဲဒီရောဂါကြောင့် သေဆုံးနိုင်ခြေဟာ အရပ်ရှည်သူထက် ၁ ဒသမ ၅ ဆပိုများတယ်လို့ တွေ့ရှိခဲ့ပါတယ်။ အရပ်ပုတဲ့ အမျိုးသားတွေဟာ အရပ်ရှည်တဲ့အမျိုးသားတွေထက် အကြောင်းကြောင်း ကြောင့်သေဆုံးနိုင်ခြေ ၅ ဒသမ ၅ ဆ ပိုများတယ်လို့လည်း တွေ့ရှိထားပါတယ်။ အရပ်ပုသူတွေမှာ နှလုံးသွေးကြောအရွယ်ပမာဏ သေးငယ်တာကြောင့် သွေးကြောပိတ်ဆို့နိုင်ခြေ ပိုမိုများတယ်လို့ ကျွမ်းကျင်သူတွေက မှတ်ချက်ပေးပါသည်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
Arogyam magazine
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
