မျက်နှာပြင်အရေပြား အညစ်အကြေးဖယ်ရှားဖို့ဆိုရင်
25-Feb-2017
မျက်နှာအရေပြား သန့်ရှင်းစေဖို့ဆိုရင် မိမိဘယ်လို ဂရုတစိုက် ထိန်းသိမ်းသလဲဆိုတဲ့ အချက်ပေါ်မှာ များစွာမူတည်နေပါတယ်။ သန့်ရှင်းမှုကို ထိန်းသိမ်းဖို့အတွက်ဆိုရင် နံနက်နဲ့ ညအချိန် ၁၅ မိနစ်စီလောက်ပေးရုံနဲ့ လုံလောက်ပါတယ်။
၁။ ခရမ်းချဉ်သီးကို ထက်ခြမ်းခြမ်းပြီး မျက်နှာပြင်နှင့် လည်ပင်းတစ်ဝိုက် နေရာတွေကို ပွတ်တိုက်ပေးပါ။ ၁၅ မိနစ် လောက်ထားပေးပြီး ရေနဲ့ ဆေးကြောပေးရမှာပါ။
၂။ နောက်တစ်မျိုးကတော့ မကျိုချက်ရသေးတဲ့ နို့အနည်းငယ်ထဲကို ဝါဂွမ်းစလေးတစ်စနဲ့ နှစ်စိမ်ပြီး မျက်နှာပြင်ကို အထက်ကိုပင့်ပြီး ညင်ညင်သာသာ ပွတ်တိုက်ပေးရပါမယ်။
၃။ အရည်ညှစ်ပြီးသား သံပရာခွံတစ်ခြမ်းနဲ့ မျက်နှာပြင်တစ်ဝိုက်ကို ပွတ်တိုက်ပေးလို့ ရပါတယ်။
၄။ ဒါ့အပြင် ပန်းသီးကို ခပ်ပါးပါးလှီးပြီး မျက်နှာပြင်ပေါ် ပွတ်တိုက်ပေးမယ်ဆိုရင် အဆီပြန်တဲ့ အရေပြားအတွက် အထူးကောင်းမွန်ပါလိမ့်မယ်။
၅။ အဲဒါတွေအပြင် ဆန်မှုန့် (ဒါမှမဟုတ်) ဂျုံမှုန့်ကို နို့မလိုင်နှင့်ရောပြီး မျက်နှာပြင်ပေါ် ၁၅ မိနစ်လောက် လိမ်းထားပေးမယ်ဆိုရင်လည်း မျက်နှာပြင်ပေါ်ရှိနေတဲ့ မမြင်ရတဲ့ အညစ်အကြေးတွေ အားလုံးကို စုပ်ယူပေးသွားနိုင်ပါလိမ့်မယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
စနိုးဝှိုက်
Health for all magazine, No. 104, September 2015, Pg. 62
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
