နှစ်သစ်မှာအလှဆုံးဖြစ်စေမည့် နည်းလမ်းကောင်းများ
25-Feb-2017
၁။ မျက်နှာသစ်ဆေး
မျက်နှာကို မနက်တစ်ကြိမ် ညတစ်ကြိမ် သန့်စင်ဖို့ လိုအပ်ပါတယ်။ ကိုယ်တိုက် ဆပ်ပြာတွေနဲ့ မျက်နှာသစ်တာက မျက်နှာအသားအရေကို ခြောက်သွေ့သွားစေပါတယ်။ သင်က ခုချိန်ထိ မျက်နှာသစ်ဆေးကို မသုံးသေးဘူးဆိုရင် စတင်လိုက်ပါတော့။
၂။ ကြေးချွတ်ဆေး
သင့်အရေပြားပေါ်က ဆဲလ်သေတွေကို ပုံမှန်ဖယ်ရှားပါမှ အရေပြားက ကြည်လင်လာမှာပါ။ ဒါကြောင့် သင့်အသားအရေနှင့် သင့်တော်တဲ့ ကြေးချွတ်ဆေး တစ်မျိုးကို အခုအချိန်ကစပြီး တစ်ပတ်တစ်ကြိမ်သုံးလိုက်ပါ။
၃။ ကွန်ဆဲလ်လာ
မျက်နှာပေါ်က အမည်းစက်နှင့် မျက်ကွင်းညိုတာကို ကာကွယ်နိုင်တဲ့ ကွန်ဆဲလ်လာ တစ်ဘူးတော့ရှိသင့်ပါတယ်။ ကွန်ဆဲလ်လာတွေ ရှိတယ်ဆိုရင်လည်း အသစ်ပြန်လည် စတင်ပါတော့။
၄။ အရေပြားထိန်းပစ္စည်း
အရေပြားကို ပြန်လည်အားဖြည့်ပေးတာမျိုး၊ တင်းရင်းစေတာမျိုးစတဲ့ အရေပြား အားဖြည့်စေတဲ့ ပစ္စည်းတစ်မျိုးလောက် သုံးပေးဖို့လိုပါတယ်။ ညအချိန်မှာ အရေပြား ကို ပြန်လည်အားဖြည့်ပေးတာက အကောင်းဆုံးပါပဲ။
၅။ ရေဓာတ်ဖြည့်ပစ္စည်း
အရေပြားခြောက်သွေ့ညိုမွဲမှုကို ကာကွယ်နိုင်တဲ့ ရေဓာတ်တစ်မျိုးတော့ နေ့စဉ် လိမ်းသင့်ပါတယ်။ အဆင့်ဆင့် မသုံးချင်ရင် အောက်ခံဖောင်ဒေးရှင်းမှာ ရေဓာတ်ပါတာ ကိုရွေးပါ။
၆။ Eye Cream
Eye Cream တစ်မျိုးကို အခုချိန်ကစပြီး ပုံမှန်သုံးပေးဖို့ လိုနေပါပြီ။ မျက်လုံးတစ်ဝိုက် အရေးကြောင်းကင်းစေဖို့ပါ။
၇။ အောက်ခံမိတ်ကပ်
မျက်နှာအောက်ခံမိတ်ကပ်တစ်မျိုးတော့ မရှိမဖြစ် လိုအပ်ပါတယ်။ သင်သုံးနေတဲ့ မိတ်ကပ်တွေ တစ်နှစ်ပြည့်နေရင် အသစ်လဲလိုက်ပါတော့။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
လမင်းလေး
Arogyam magazine, No.282, January 2016, Pg. 17
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
