တင်ပါးနှင့် ပေါင်တံကြီးသူတို့ ရွေးချယ်သင့်သော ဖက်ရှင်
25-Feb-2017
တင်ပါးနေရာနဲ့ ပေါင်တံကြီးသူတွေဟာ ခန္ဓာကိုယ်လှသူတွေလို့ အပြောများကြ ပါတယ်။ ခန္ဓာကိုယ် ပြည့်ဖြိုးသူတွေ ဖြစ်တတ်ကြပြီး အရပ်ပါရှည်တယ်ဆိုရင်တော့ သင်ကကံကောင်းတဲ့ ကိုယ်လုံးအလှပိုင်ရှင်ပါပဲ။ တင်ပါးနဲ့ ပေါင်တံကြီးသူတွေ အတွက် ရွေးချယ်သင့်တဲ့ ဖက်ရှင်တွေကို လေ့လာကြည့်ရအောင်နော်။
ခါးစည်းထားသော အဝတ်အစား
ဘယ်အဝတ်အစားကိုပဲ ဝယ်ဝယ် သင့်ခါးနေရာမှာ စည်းထားတဲ့ ပုံစံမျိုးနဲ့ အဝတ်အစားတွေက သင့်ခန္ဓာကိုယ်ကို ပိုမိုလှပစေဖို့ အထောက်အပံ့ပေးနိုင်ပါတယ်။
ခါးပတ်ဖြင့် တွဲဝတ်ပါ
ခါးနေရာမှာ စည်းမထားဘူးဆိုရင် ခါးပတ်လှလှတွေနဲ့ တွဲဖက်ဝတ်ဆင်ရတဲ့ ဝတ်စုံမျိုးတွေကို ရွေးချယ်ဝတ်ဆင်ပါ။ ခါးပတ်လှလှတွေက သင့်တင်ပါးနဲ့ ပေါင်တံတွေကို သတိမထားမိတော့ဘဲ သဲနာရီပုံစံ ခန္ဓာကိုယ်မျိုးကို ပိုင်ဆိုင်နိုင်စေမှာ ဖြစ်ပါတယ်။
အေ ပုံစံဝတ်စုံမျိုးကို ရွေးပါ
အောက်ပိုင်းကို ကျပ်သွားစေတဲ့ ဝတ်စုံမျိဳးထက် အေ ပုံစံလို အပေါ်ပိုင်းကျပ်ပြီးအောက်ပိုင်းကို ကားသွားစေတဲ့ အဝတ်အစား ဒီဇိုင်းမျိုးကို ရွေးချယ်ပေးပါ။
ကွက်တိ အဝတ်အစားတွေကို မရွေးပါနှင့်
အရောင် တစ်မျိုးတည်း အပေါ်အောက် ဝမ်းဆက် အကျပ်တွေကို မရွေးပါနှင့်။ သေတ္တာလို ခန္ဓာကိုယ်လို့ ထင်ရစေပါတယ်။ အရောင်တွေ စပ်ထားတာမျိုး၊ ခါးနေရာကို ပေါ်လွင်စေတာမျိုးကိုသာ ရွေးချယ်ပါ။ အောက်ပိုင်းကျပ်နေတဲ့ အဝတ်အစားတွေက သင့်တင်ပါးနဲ့ ပေါင်တံတွေကို ပိုကြီးတယ်လို့ ထင်ရစေပါတယ်။
စကပ်ကျပ်ကျပ်တွေကို ဝတ်ပါ
စကပ်ဆိုရင်တော့ အောက်ကားနေတဲ့ စကပ်မျိုးထက် အောက်ပိုင်းကို ကျပ်နေတဲ့ စကပ်မျိုးက သင့်ခန္ဓာကိုယ်နဲ့ ပိုလိုက်ဖက်ပါတယ်။ စကပ်ကို ချက်အပေါ်ပိုင်းအထိ တိုးဝတ်ပြီး ဒူးအပေါ်နားမှာ ကျပ်နေတဲ့ စကပ်အတိုမျိုးတွေကို ရွေးချယ်ပါ။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit :
သဲသဲ
World Myanmar News
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
