Print

ရေနစ်နေသောလူနာအား ရှေးဦးပြုစုနည်း

  03-Dec-2025
Preview Image


လူနာကို ပက်လက်အနေအထားမှာ ထားပြီး လူနာကို ခေါင်းမော့ (Head Tilt) မေးကော့ (Chin Lift) လုပ်ပေးထားပါ။  

-  လူနာ အသက်ရှူ မရှူကို စစ်ဆေးပါ။ (Look, Listen, Feel)

-  လူနာ အသက်မရှူပါက အရေးပေါ်အကူအညီ နှင့် လူနာတင်ယာဉ်ကို ခေါ်ပါ။

-  လူနာကို အသက်ရှူအားကူ ပေးခြင်း နှင့် နှလုံးဖိအားနှိးဆွပေးခြင်း (CPR) လုပ်ပေးပါ။ (ကယ်ဆယ်ရေးအဖွဲ ရောက်ရှိလာချိန်အထိ ဆက်လုပ်ပါ။)

-  လူနာကို ခန္ဓာကိုယ် အပူချိန်မကျအောင် အဝတ်စိုကို အဝတ်ခြောက်ဖြင့်လဲပေးပါ။ လိုအပ်လျှင် စောင်ခြုံထားပေးပါ။

-  လူနာ၏တုံပြန်မှုအခြေအနေကို ကြည့်ပြီး လိုအပ်ပါက အသက်ရှူအားကူပေးခြင်း နှင့် နှလုံးဖိအားနှိးဆွပေးခြင်း (CPR)ထပ်လုပ်ပေးပါ။ 

ရေနစ်လူနာများသည် ရေနစ်ရာမှ ကယ်ဆယ်ပြီးသော်လည်း ဆေးရုံတွင် ရက်အနည်းငယ်ခန့်နေ၍ ကျန်းမာရေးစောင့်ရှောက်မှုခံယူရန်လိုအပ်နိုင်ပါသည်။

7887 medics



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18