Print

အစားအစာနှင့် ဓာတ်မတည့်ခြင်းရောဂါအကြောင်း

  18-Dec-2019
Preview Image

          အစားအစာနဲ့ ဓာတ်မတည့်ခြင်းဆိုတဲ့ ပြဿနာဟာ အလွန်အရေးကြီးတဲ့ ကျန်းမာရေးပြဿနာတစ်ရပ်ဖြစ်ပါတယ်။ အစားအစာတစ်ခုကို စားလိုက်တဲ့အခါ အဲဒီလူရဲ့ခုခံအားစနစ်က တုံ့ပြန်တိုက်ခိုက်မှုဖြစ်လာစေခဲ့ရင် အဲဒါကို အစားအစာနဲ့ ဓာတ်မတည့်မှု (Food Allergy) လို့ခေါ်တယ်။ အစားအစာများနဲ့ပတ်သက်တဲ့ ဓာတ်မတည့်မှုတွေဟာ အများအားဖြင့် ဖြစ်တတ်ပေမယ့် ဒါတွေအားလုံးဟာ ဓာတ်မတည့်ခြင်းကြောင့် ဖြစ်ပွားရခြင်းတော့ မဟုတ်ပါ။ လူဦးရေ ၂၀ ရာခိုင်နှုန်းဟာ သူတို့ရဲ့ အစားအစာတချို့ကြောင့်သော်လည်းကောင်း၊ အစားအစာတစ်မျိုးထက် ပို၍သော်လည်းကောင်း ဓာတ်မတည့်ခြင်းဖြစ်တယ်လို့ ယုံကြည်ကြပါတယ်။ ကျန်လူတွေကတော့ သူတို့ရဲ့ရောဂါလက္ခဏာတွေဟာ ထင်မှတ်ယူဆထားတဲ့အတိုင်း မဟုတ်ပါဘူး။ သူတို့ဟာ အစားအစာကြောင့် ရောဂါလက္ခဏာဖြစ်ရတယ်ဆိုတဲ့အချက်တွေ သံသယဝင်စရာကောင်းပေမယ့် ဓာတ်မတည့်ခြင်းအဖြစ် တုံ့ပြန်ခြင်းမဟုတ်ပါ။ အစားအစာကြောင့် ဓာတ်မတည့်ခြင်းမျိုးမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ (ဥပမာ - ရင်ကျပ်ခြင်းနှင့် နှာမွှန်ခြင်း) မျိုး ဖြစ်တာက ရှားပါးပါတယ်။ အင်းဆက်ပိုးများကိုက်ခဲခံရခြင်း၊ ပိုးသတ်ဆေးများနှင့် အချို့သောဆေးများကြောင့် စနစ်အလိုက်ဓာတ်မတည့်ခြင်းမျိုး (System allergic response) များ ဖြစ်စေနိုင်ပြီး အစာအိမ်နှင့် အူလမ်းကြောင်း၊ အသက်ရှူလမ်းကြောင်းတို့ ပါဝင်ပါတယ်။ ပြင်းထန်မှုအပေါ်မူတည်၍ အရေပြားရောင်ရမ်းခြင်း၊ လေပြွန်ကျဉ်းမြောင်းခြင်း၊ ခြေလက်ရောင်ခြင်း၊ သွေးပေါင်ချိန်ကျခြင်း၊ လက်ကောက်ဝတ်သွေးခုန်မှုအားပျော့ပြီး မြန်ဆန်ခြင်း၊ သတိလစ်မေ့မြောခြင်းနှင့် နောက်ဆုံး အသက်ဆုံးရှုံးသည်အထိ ဖြစ်စေနိုင်ပါသည်။


ရောဂါလက္ခဏာရပ်များသည် မည်သို့ရှိသနည်း

          ခန္ဓာကိုယ်ရဲ့များစွာသော အစိတ်အပိုင်းတွေမှာ ဓာတ်မတည့်ခြင်းရောဂါလက္ခဏာရပ်တွေရဲ့နေရာကို အစားအစာဓာတ်မတည့်ခြင်း ဖြစ်ပေါ်လာစေနိုင်ပါတယ်

-       အရေပြားပေါ်တွင် အနီပြောက်များဖြစ်ခြင်းကဲ့သို့ (အင်ပျဉ်) မခံသာအောင် ယားယံခြင်း

-       နှုတ်ခမ်းများ၊ လျှာ၊ နှာခေါင်းနှင့်မျက်နှာ (သွေးကြောနှင့်ဆိုင်သော)

-       အသက်ရှူပြင်းခြင်းနှင့် အသက်ရှူတိုတောင်းခြင်း

-       လည်ချောင်းအထက်ပိုင်း (အသံအိုး) ရောင်ရမ်းခြင်း

-       အသက်ရှူခက်ခဲခြင်း

-       လန့်ဖျပ်ခြင်း(သွေးလန့်ခြင်း) နှင့် အတူပြင်းထန်သော အသက်အန္တရာယ်ကို ခြိမ်းခြောက်မှုဖြစ်ပေါ်စေခြင်း။

ဒီလက္ခဏာရပ်အားလုံးဟာ မိနစ်ပိုင်းအတွင်းရောဂါဖြစ်ပေါ်စေနိုင်ပါတယ်။ တခြားရောဂါလက္ခဏာရပ်တွေဟာ နာရီအနည်းငယ်ကြာပြီးနောက်မှ ပေါ်လာနိုင်ပါတယ်။ အဲဒီအထဲမှာ အောက်ဖော်ပြပါလက္ခဏာတွေလည်း ပါဝင်ပါတယ်။

-       အော်ဂလီဆန်ခြင်း

-       အော့အန်ခြင်းနှင့် ဝမ်းလျှောခြင်း

-       ဝဲနှင်းခူများပို၍ ဆိုးရွားလာခြင်း

ပြောခဲ့သလို အစားအစာကြောင့် စိတ်ရှုပ်စရာတုံ့ပြန်မှုများသည် ဖြစ်လေ့ဖြစ်ထရှိပြီး ဓာတ်မတည့်မှုအကြောင်းအရာများစွာထဲက အကြောင်းတရားတစ်ခုပဲဖြစ်ပါတယ်။ အစားအစာဓာတ်မတည့်တာရဲ့ရောဂါလက္ခဏာတွေကတော့ အရေပြားအနီပြောက်များယားယံခြင်းကနေ အသက်အန္တရာယ်ခြိမ်းခြောက်တဲ့အထိ သွေးလန့်တာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။

ဗြိတိန်နိုင်ငံ အစားအသောက် ဓာတ်မတည့်ခြင်းအများဆုံးဖြစ်ပေါ်တဲ့အကြောင်းကတော့ နွားနို့၊ ကြက်ဥ၊ မြေပဲ၊ ငါးနဲ့ ခရုတွေဖြစ်ကြတယ်။ အစားအစာဓာတ်မတည့်မှုကို ထိန်းချုပ်ဖို့အကောင်းဆုံးနည်းလမ်းမှာ အဆိပ်အတောက်ဖြစ်တတ်တဲ့အစားအစာတွေကို ရှောင်ရှားခြင်းပင်ဖြစ်တယ်။

Credit : မောင်မောင်ထွန်းအောင်

 

 

 



Related Articles


Advertisment 18