Print

ရုတ်တရက် ပန်ကရိယရောင်ရမ်းခြင်း

  30-Mar-2019
Preview Image

            ရုတ်တရက် ချက်ချင်း ပန်ကရိယ ရောင်ရမ်းမှုမှာ ဖြစ်ပွားမှုနှုန်း အလွန်မများလှသော်လည်း အသက်အန္တရယ်ရှိသော ရောဂါတစ်ခုဖြစ်သည်။ ရောဂါကို အဖြေထုတ် သိရှိနိုင်ရန်မှာ

(၁) ရင်ညွန့်တွင် ရုတ်တရက် နာကျင်မှုခံစားနေရခြင်း

(၂) အဆိုပါ နာကျင်မှုမှာ နောက်ကျောဘက်သို့ ပျံ့နှံ့ခြင်း

(၃) ပျို့ချင်အန်ချင်စိတ်ဖြစ်ပေါ်ခြင်း၊ အန်ခြင်း ၊ ချွေးထွက်ခြင်းနှင့်အားအင် ယုတ်လျော့ခြင်း၊

(၄) ဝမ်းဗိုက် တင်းကားလာခြင်း၊ ထိလျှင် ကိုင်လျှင် နာခြင်း၊ ကိုယ်အပူချိန်တက်၍ ဖျားခြင်း

(၅) သွေးတွင်း သွေးဖြူဥ အရေအတွက် များလာခြင်း၊ သွေးနှင့် ဆီးတွင် အမိုင်လေ့ ဇီဝဓါတ်ကူပစ္စည်း မြင့်တက်လာခြင်း၊ သွေးတွင်း လိုက်ပေ့စ် ဇီဝဓါတ်ကူပစ္စည်း များလာခြင်း

(၆) ယခင်က ဖြစ်ဖူးခဲ့ခြင်း

(၇) အရက် အလွန်အကျွံသောက်ခဲ့မှုနှင့် ဆက်နွှယ်ခြင်း စသည့်အခြေအနေများ ရှိရပါမည်။

 

ရုတ်တရက် ပန်ကရိယ ရောင်ရမ်းမှုသည် အောက်ပါအခြေအနေများနှင့် တွဲစပ် မြင်တွေ့ရလျှင် ပိုမိုအန္တရာယ်ရှိသည်။

(က) အရက် အလွန်အကျွံ သောက်ခဲ့ခြင်း

(ခ) အသက် ၅၅ နှစ် အထက်ဖြစ်ခြင်း

(ဂ) သွေးဖြူဥ အရေအတွက် ၁၆,၀၀၀/ မိုက်ခရို လီတာထက် ကျော်နေခြင်း

(ဃ) သွေးတွင်း သကြားဓါတ် ၂၀၀ မီလီဂရမ် ရာနှုန်းထက် ပိုခြင်း

( င) အယ်ကာလီ လိုအပ်မှု ၄ မီလီအီကွေးဖလန့် / လီတာထက်များခြင်း

(စ) သွေး တွင်း LDH ဇီဝဓါတ်ကူပစ္စည်း ၃၅၀ ယူနစ်/ လီတာ ထက်များခြင်း

( ဆ) သွေး တွင်း AST ၂၅၀ ယူနစ် / လီတာထက်များခြင်း

     

၄၈ နာရီ အတွင်း အောက်ပါအခြေအနေများ ဖြစ်ပေါ်လာလျှင် လူနာအတွက် စိုးရိမ်ရသော အနေအထားရှိပါသည်။

·         သွေးကလာပ်စည်းများ၏ ထုထည် ၁ဝ ရာခိုင်နှုန်းထက် ပို၍လျော့နည်းခြင်း

·         BUN ( blood urea Nitrogen) ၅ မီလီဂရမ် ရာနှုန်းထက်ပိုများခြင်း

·         သွေးလွှတ်ကြောတွင်းရှိ သွေးတွင် အောက်ဆီဂျင်ပါဝင်မှု ၆ဝ မီလီမီတာ ပြဒါး (၆ဝ mmHg) ထက်နည်းခြင်း

·         ရေသိမ်းယူခံရမှု ၆ လီတာထက် ကျော်ခြင်း/ ဆီးနည်းသွားခြင်း

ရုတ်တရက် ပန်ကရိယရောင်ရမ်းမှုကို ပစ္စည်းကိရိယာ စုံလင်သော ဆေးရုံကြီးများတွင်သာ သွားရောက်၍ ဆေးကုသမှု ခံယူသင့်ပါသည်။

 

Credit to Dr. Aye Kyaw ( ဇီဝကမ္မဗေဒ)


 



Related Articles


Advertisment 18