ဓားထိုးခံရပါက အရေးပေါ်ကုသသင့်သည့်အချက်များ
12-Jul-2018
ဓားထိုးခံရသူကိုတွေ့လျှင် အထိုးခံရသည့်
ပတ်ဝန်းကျင်ကို အရင်ဆန်းစစ်ပါ။ မိမိကိုအန္တရာယ်ပေးနိုင်သည့်သူ မရှိမှကူညီပါ။ ဓားထိုးဒဏ်ရာသည်
အထိုးခံရသည့်နေရာနှင့် အထိုးခံရသည့်ပုံစံပေါ် မူတည်၍ ပြင်းထန်မှု ကွဲပြားသည်။ ထိုးခံရသည့်ဒဏ်ရာ
သိပ်မနက်ပါက ပုံမှန်ရှေးဦးသူနာပြုနည်းဖြင့် ကုသ၍ရသော်လည်း ထိုးခံရသည့်ဒဏ်ရာသည် ကိုယ်တွင်းအင်္ဂါတစ်ခုခုကို
ထိခိုက်မိပါက အသက်အန္တရာယ် စိုးရိမ်ရသည်အထိ ဖြစ်နိုင်သည်။ ထို့ကြောင့် အောက်တွင် ဖော်ပြမည့်အချက်များသည်
မပြင်းထန်သည့် ဒဏ်ရာကုသရာတွင ်အလွန်အထောက်အကူ ပြုသော်လည်း အသက်အန္တရာယ် စိုးရိမ်ရသည့်
လူနာများတွင်မူ ဆေးရုံသို့ အမြန်ရောက်နိုင်ရန်သည်သာ အဓိက ဖြစ်သည်။
၁။
ဓားထိုးခံရသူ၏ ကိုယ်ခန္ဓာကို သေချာဆန်းစစ်ပါ။
အထိုးခံရသည့်ဒဏ်ရာ အရေအတွက်ကိုစစ်ပါ။ အဝတ်အစား ဝတ်ထားပါက အဝတ်အစားကို ချွတ်သင့်သည်။
အဝတ်အစားက ဒဏ်ရာကိုဖုံးကွယ်နေနိုင်သောကြောင့် ဖြစ်သည်။ ချက်ချင်းကုသဖို့ လိုအပ်သည့်
ဒဏ်ရာကြီးရှိပါက လိုအပ်သည့် ကုသမှုကို ပြုလုပ်ပြီးမှ ဆန်းစစ်ပါ။
၂။
ကူညီမည့်သူတွင် face mask နှင့် လက်အိတ်ရှိပါက
ဝတ်ထားရမည်။ ဒဏ်ရာအတွင်းရောဂါပိုးမွှားတတ်နိုင်သမျှ မဝင်စေရန် လက်အိတ် မရှိပါက လက်ကိုသေချာဆေးပြီးမှ
လူနာအား ကိုင်တွယ်သင့်ပါသည်။
၃။ ဓားထိုးခံရသည့် လူနာသည် သတိကောင်းပါက ဒဏ်ရာကို
ပြုစုနေစဉ် စကားပြောနေပေးပါ။ စကားပြောနေခြင်းကြောင့် ဒဏ်ရာရသူ၏ စိတ်လှုပ်ရှားမှုနှင့်
နှလုံးခုန်နှုန်းကို လျော့ကျစေပါသည်။ ဒဏ်ရာအခြေအနေ ဆိုးရွားပါက (ဥပမာ - ဓားသည် ခြေထောက်ကိုထုတ်ခြင်း
ပေါက်နေခြင်း) ဒဏ်ရာကို မမြင်ပါစေနှင့်။
၄။
ဓားထိုးခံရသည့် လူနာသည် ဓားတန်းလန်းဖြစ်နေပါက
မထုတ်လိုက်ပါနှင့်။ ဓားကိုထုတ်ပါက မတော်တဆ သွေးကြောများကို ပိုမိုထိခိုက်နိုင်သောကြောင့်ဖြစ်သည်။
ဓားထိုးခံရသည့်လူနာကို ကူညီချိန်တွင် ဓားကို မလှုပ်ရှားစေပါနှင့်။ ထိုးသွင်းလက်နက်ကို
ဆေးပညာ နားလည်သည့် ဆရာဝန်ကသာ ခွဲစိတ်ကုသ၍ ရသည့်နေရာတွင် ထုတ်သင့်ပါသည်။
၅။
သွေးအများဆုံး ထွက်သည့် နေရာကိုရှာပါ။
သွေးပန်းထွက်သည့် ဒဏ်ရာရှိပါက ဦးစားပေး ကုသဖို့လိုပါသည်။ သွေးပန်းထွက်ခြင်းသည် သွေးလွတ်ကြောကို
ထိခိုက်မိ၍ ထွက်ခြင်းဖြစ်ကြောင်း သိဖို့လိုပါသည်။ သွေးထွက်နည်းအောင် အပေါ်က ဖိအားပေး၍
အဝတ်(သို့) လက်ဖြင့်ဖိပေးလျှင် သွေးထွက်လျော့နည်းစေပါသည်။
၆။ ဓားထိုးခံရသည့်လူနာတွင် သွေးထွက်နည်းအောင် ပြုလုပ်ပေးခြင်း
အရေးကြီးဆုံး ဖြစ်ပါသည်။ ဒဏ်ရာရသည့်နေရာကို နှလုံးအထက်တွင် ထားပေးနိုင်ပါက သွေးစီးဆင်းမှုကို
နှေးစေပြီး သွေးထွက်နည်းစေပါသည်။ ဥပမာ ခြေထောက်တွင် ဒဏ်ရာရပါက လူနာကို လဲလျောင်းစေပြီး
ခြေထောက်ကို ထိုင်ခုံ၊ သေတ္တာပေါ်တွင်တင်၍ မြှောက်ခြင်း (သို့) ခြေထောက်ကို မြှောက်ထားပေးခြင်းကို
ပြုလုပ်ရပါမည်။
၇။
သွေးထွက် မလွန်အောင် လုပ်ပြီးပါက နောက်တစ်ဆင့်အဖြစ်
ဒဏ်ရာကို ဆေးပေးဖို့ လိုအပ်ပါသည်။ ဒဏ်ရာ ပတ်ဝန်းကျင်ကို ဆေးပေးပါ။ ဒဏ်ရာကို ရေ၊ အရက်၊
အနာဆေးရည်တို့နှင့် ဆေးနိုင်ပါသည်။ ဒဏ်ရာရသူသည် အသိရှိပါက ဒဏ်ရာကို ဆေးရာတွင် အနည်းငယ်
နာမည့် အကြောင်း အသိပေးထားရမည်။
၈။
ဒဏ်ရာသေးပါက ဒဏ်ရာကို စေ့ပေးခြင်းဖြင့်
ဒဏ်ရာအတွင်းသို့ ပြင်ပမှ ပိုးမွှားများ ဒဏ်ရာအတွင်းသို့ ဝင်ရောက်ခြင်းမှ ကာကွယ်ပေးနိုင်၍
ဖြစ်သည်။ ဒဏ်ရာကို ချုပ်ရန်အဆင်မပြေပါက ပလာစတာ ဖြင့် ယာယီ စေ့ထားပေးနိုင်သည်။ ဒဏ်ရာကြီး၍
သွေးထွက်များပါက ဒဏ်ရာကို အတင်းမပိတ်ပါနှင့်။ ပိတ်စ သို့မဟုတ် အဝတ်သန့်သန့်တစ်ခုဖြင့်
ဒဏ်ရာအား ဖိထားပေးနိုင်သည်။
အထက်ဖော်ပြပါ အချက်များသည် ဓားထိုးခံပြီးနောက်
သွေးထွက်မလွန်စေရန် ပြုလုပ်ပေးသင့်သည့် အရေးပေါ်ကုသနည်းများသာ ဖြစ်ပါသည်။ ထို့ကြောင့်
ဓားထိုးခံရသော လူနာအား ဒဏ်ရာကြီးသည် ဖြစ်စေ၊ ဒဏ်ရာငယ်သည်ဖြစ်စေ ဆေးရုံသို့ အမြန်ဆုံး
ပို့ဆောင်ပေးရမည် ဖြစ်ပါသည်။
Ref:
The Survival Place Blog
Author
– Dr. Archer (7887 Healthcare Call Center)
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
