Haemorrhage ( သွေးထွက်ခြင်း / သွေးယိုစိမ့်ခြင်း )
27-Jul-2017
သွေးထွက်ခြင်းရှိသော အခြေအနေအားလုံးအတွက် Haemorrhage ဟု သုံးနှုန်းသည်။ ကိုယ်အတွင်း၌ သွေးထွက်ခြင်း ယိုစိမ့်ခြင်းကို (Internal Haemorrhage) ဟုခေါ်၍ ကိုယ်ခန္ဓာပြင်ပ၌ သွေးထွက်ခြင်းကို (External Haemorrhage) ဟုခေါ်ဝေါ်သည်။မတော်တဆထိခိုက်မှုအနည်းအကျဉ်းမှ သွေးထွက်လေ့ရှိပြီး သွေးထွက်ခြင်းကိုမြင်တိုင်း လူအများစုမှာ စိုးရိမ်ထိတ်လန့်တတ်ကြ၏။ ထိုအခါတွင် သွေးတစ်ပုလင်းခန့်မျှသော ပမာဏကို ထုတ်ယူသော်လည်း မည်သို့ အန္တရာယ်မျှမရှိသော သွေးလှူဒါန်းသူတို့ကို သတိရသင့်သည်။ ထို့ကြောင့် သွေးထွက်တိုင်း ထိတ်လန့်တုန်လှုပ်ရန် မလိုဘဲ လိုအပ်သည်များကို ဆောင်ရွက်သင့်ပါသည်။
ပြတ်ရှခြင်းအမျိုးမျိုးမှ သွေးထွက်ခြင်းကို ရပ်တန့်ရန် အကောင်းဆုံးသောနည်းမှာ ဒဏ်ရာဖြစ်သောနေရာကို အားဖြင့် ဖိပေးထားသောနည်း ဖြစ်၏။ သန့်ရှင်းသောလက်ကိုင်ပုဝါ ၊ ပတ်တီးစ ၊ ဂွမ်းတစ်မျိုးမျိုးဖြင့် ဖိပေးထားနိုင်ပြီး သွေးထွက်နေသောနေရာကို မြှောက်ထားသင့်သည်။ ဥပမာ - လက်တွင် ဒဏ်ရာရရှိပါက လူနာကို အိပ်ရာထဲတွင် လှဲနေစေပြီး လက်ကိုမြှောက်ကာ ခေါင်းအုံးပေါ် ပြန်တင်ထားနိုင်ပါသည်။သွေးခဲစပြုချိန်တွင် ဖိထားသော ဂွမ်း ၊ ပတ်တီးတို့ကို ပြန်မခွာသင့်သော်လည်း သွေးထွက်ခြင်း မရပ်ပါက ပထမဖိအပ်ထားသောဂွမ်း၊ ပတ်တီးတို့အပေါ်မှ ပိုမိုတင်းကျပ်သော ပတ်တီးကိုထပ်၍ စည်းပေးသင့်ပါသည်။ သွေးယိုထွက်ခြင်းကို ကာကွယ်သော ( tourniquet) ကိုမူ မစည်းတတ်ပါက သွေားပိုမိုထွက်စေနိုင်သဖြင့် အထူးလိုအပ်မှသာ စည်းပေးရမည်။
Credit: ဒေါက်တာ မေမိုးနွယ်
By Dr. May Hnin Phyu ( 7887 Healthcare Call Center )
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

