Print

သတိထားစရာပျို့အန်တာ

  27-Feb-2017
Preview Image

(၁) မိန်းကလေးတစ်ဦး ပျို့အန်သည်မှာ ရက်ဆက်နေက ကိုယ်ဝန်ဖြစ်လာနိုင်သည်။ သားဖွားမီးယပ် ဆရာဝန်ပြပါ။ 


(၂) ဆက်တိုက်အန်နေပါက ကိုယ်တွင်းရေခမ်းနိုင်သဖြင့် လိုအပ်လျှင် ဆေးရုံတင်ပါ။


(၃) ကလေးများအန်နေပါက ကလေးအထူးကုဆရာဝန်ပြပါ။


(၄) အန်ခြင်းနှင့်အတူ အောက်ပါတို့ဖြစ်ကဆေးရုံတင်ပါ။

(က) လည်ပင်းတောင့်ခြင်း
(ခ) ခေါင်းအရမ်းမူးခြင်း
(ဂ) ဝမ်းဗိုက်အလွန်နာခြင်း 
(ဃ) ၁၀၁ ဒီဂရီဖာရင်ဟိုက်ကျော်သောအဖျားရှိခြင်း
(င) ဝမ်းလျှောခြင်း
(စ) စိတ်ထွေနေခြင်း

 

အန်ခြင်းကိုကုသခြင်း
(၁) ရေသန့်ရေကြည်ကို ဖြည်းဖြည်းသာသောက်ခြင်း


(၂) အစာမစားခြင်း


(၃) အန်လည်းအန်၊ ဝမ်းလည်းလျှောပါက ပါးစပ်မှ ဓာတ်ဆားရည် (Oral Rehydrating Fluid) တိုက်ပါ။


(၅) အန်သောအကြောင်းကိုလိုက်၍ ဆရာဝန်က အအန်ရပ်ဆေးပေးနိုင်ပါသည်။


(၆) အန်စေသောအကြောင်းကို ပြေလည်အောင် ကုဖို့သည်အဓိက ဖြစ်သည်။

 

မပျို့အောင်နေခြင်း
(၁) ထမင်းစားလျှင်နည်းနည်းသာစားပါ။ တစ်ခါတည်း အများကြီးမစားပါနှင့်။


(၂) ဖြည်းဖြည်းဝါးစားပါ။ ကြေညက်အောင်ဝါးပါ။


(၃) အစာချေရခက်သောအစာ ဥပမာ အစာမာမာ၊ ကောက်ညှင်းစသည်တို့ကိုရှောင်ပါ။ ဆင်ခြင်ပါ။


(၄) အနံ့ကိုမကြိုက်က အစာအေးမှစားပါ။


(၅) စားပြီး ဦးခေါင်းကို ခြေထောက်ထက် ၁ ပေ အမြင့်ထားပြီး ထိုင်နေပါ။ ပက်လက်မအိပ်ပါနှင့်။


(၆) တစ်နေ့ရေ ၆ ခွက် (၈အောင်စဖန်ခွက်) သောက်ပါ။ အစာစားနေစဉ် ရေမသောက်ပါနှင့်။ စားပြီးမှ အစာစားချိန်ကြာမှာ သောက်ပါ။


(၇) မပျို့မအန်စိတ်လန်းဆန်းနေစဉ်စားပါ။ 


(၈) ကြိုက်ကရှူဆေးသုံးပါ။ သို့မဟုတ် သံပုရာသီး၊ လျှောက်သီး၊ အော်ဒီကလုန်း (ယောကျ်ားရေမွှေး) သုံးပါ။


(၉) မိမိကိုယ်ကို သန့်ရှင်းမွှေးကြိုင်စွာထားပါ။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာမောင်မောင်ညို
လူတိုင်းအတွက်အရေးပေါ်ဆေးပညာ စာအုပ်မှကောက်နုတ်ထားပါသည်။

 



Related Articles


Advertisment 18