အရက်အဆိပ်သင့်ခြင်း
24-Feb-2017
အရက်ကို ကြာရှည်စွဲမြဲစွာသောက်လျှင် ကာယ၊စိတ်ဓာတ် စွမ်းဆောင်မှု များကိုထိခိုက်ခြင်း၊ အာရုံကြောစနစ်ကို ထိခိုက်နိုင်ခြင်းနှင့် အသည်းခြောက်ဝေဒနာ များ ဖြစ်စေနိုင်ပါသည်။
လက္ခဏာများ
အရက်အဆိပ်သင့်သော သူတစ်ဦးတွင် တွေ့ရမည့် လက္ခဏာများမှာ အိပ်လိုက်၊ နိုးလိုက်ဖြစ်ခြင်း၊ မျက်နှာနီမြန်းနေခြင်း၊ ချွေးစေးပြန်ခြင်း၊ သွေးခုန်နှုန်း မြန်ခြင်း၊ အချိန်အကြာကြီး သတိလစ်နေနိုင်ခြင်း။
အရက်အလွန်အကျွံသောက်ပါက ဖြစ်နိုင်သော အန္တရာယ်များ
အရက်အလွန်အကျွံသောက်သုံးမိပါက အန်ဖတ်ဆို့ခြင်း၊ အစာဆို့နင်ခြင်း၊ အရက်ကြောင့် သွေးကျောကျယ်ပြီး ခန္ဓာကိုယ်အပူချိန်ကျဆင်း၍ သွေးဆုတ်သွေးလန့်ဖြစ်ခြင်း၊ သတိလစ်ပြိုလဲ၍ ဦးခေါင်းနှင့် အခြားအင်္ဂါ အစိတ်အပိုင်းများကို ထိခိုက်ဒဏ်ရာ ရခြင်းများ ဖြစ်နိုင်ပါသည်။
ပြုစုခြင်း
၁။ လူနာကို နွေးထွေးစွာထားပါ။
၂။ သတိလစ်နေပါက စိတ်ချရသော ဘေးစောင်းအနေအထားဖြင့် ထားပါ။
၃။ အခြားဒဏ်ရာများရှိ/မရှိစစ်ဆေးပါ။ အထူးသဖြင့် ဦးခေါင်းတွင် ဒဏ်ရာရှိ/မရှိစစ်ဆေးပါ။ ဒဏ်ရာရှိပါက ဒဏ်ရာပြုစုပုံအတိုင်းပြုစုပါ။
၄။ သတိလစ်နေသောလူနာကို အသက်ရှင်သန်မှု လက္ခဏာများဖြစ်သည့် တုန့်ပြန်မှု၊ သွေးခုန်နှုန်းတို့ကို စောင့်ကြည့် မှတ်တမ်းတင်၍ ထားပါ။
၅။ ဆေးရုံ၊ဆေးခန်း သို့ပို့ပါ။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Ref: အခြေခံရှေးဦးပြုစုခြင်း လက်စွဲစာအုပ်
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
