Print

နွေ အပူရဲ့ အကူပန်ကာလေ သတိထားစို့

  24-Feb-2017
Preview Image

အိပ်မပျော်သူများအတွက် ပန်ကာနှင့်အိပ်စက်ခြင်းက ညင်သာစွာ လှုပ်သိပ်စေ သလိုဖြစ်သည်။ သို့သော် ဘေးထွက်ဆိုးကျိုးများက လူတစ်ယောက်၏ ကျန်းမာရေးကို ထိခိုက်စေသည်။ အိပ်စက်သူ၏ အသက်အရွယ် ပေါ်မူတည်ပြီး ကွဲပြားသော ကျန်းမာရေးဆိုးကျိုးများကို ဖြစ်ပေါ်စေသည်။ 

 

အချို့က လက်ကပ်ခြင်း၊ နှာစေးခြင်း၊ ကျောအောင့်ခြင်း၊အဆုတ်အအေးမိခြင်း၊ခေါင်းကိုက်ခြင်း၊ ဇက်ခိုင်ခြင်း၊ ခြေထောက်များ လေးခြင်း စသည်ဖြင့် အမျိုးမျိုးကွဲပြား တတ်သည်။ 

 

ထို့အပြင် -

(၁) အသံ

ပန်ကာမှ ထွက်သောအသံကြောင့် အိပ်ချိန်တွင် နှောင်ယှက်မှု အသေးအမွှား ကို ဖြစ်စေသည်။ ပန်ကာအသေးများက နှောင့်ယှက်မှုနည်းသော်လည်း၊ မျက်နှာကျက် ပန်ကာမျိုးက မိမိ၏အိပ်ချိန်ကို အနှောင့်အယှက် ပို၍ ဖြစ်စေသည်။

 

(၂) ရုတ်တရက်ကလေးများသေဆုံးမှုများ

ကျန်းမာရေးစောင့်ရှောက် မှုကွပ်ကဲရေးအဖွဲ့အစည်းတစ်ခု၏ ရှာဖွေတွေ့ရှိချက်အရ ကလေးအိပ်ခန်းတွင် ပန်ကာနှင့်အိပ်စက်ခြင်းဖြင့် ကလေးများ ၇၀%ခန့် ကျန်းမာရေး ထိခိုက်စေခြင်း၊ သေဆုံးခြင်းတို့ကို ဖြစ်စေသည်ဟုသိရသည်။ 

 

(၃) ခြောက်သွေ့သောလေ

ပန်ကာမှလေကို ခြောက်သွေ့စေသဖြင့် အိပ်စက်သူများသည် ယင်းလေကြောင့် ပါးစပ်နှင့် လေပြွန်ကိုခြောက်သွေ့စေပြီး ရေဆာစေသဖြင့် အပြည့်အဝ အိပ်စက်နိုင်ခြင်း မရှိချေ။

 

(၄) ဦးခေါင်းခွံအတွင်းရှိ လေလမ်းကြောင်း

နေ့အချိန်ပန်ကာတွင် ဖုန်များကပ်ညှိလေ့ရှိသည်။ သို့ဖြစ်၍ပန်ကာကို ဖွင့်လိုက်သော အခါ ဖုန်ကပ်နေသော ပန်ကာမှလေများက အိပ်စက်သူ၏ ဦးခေါင်းခွံ တွင်း နှာခေါင်း ပေါက် နှင့် ဆက်သွယ်ထားသော ဦးခေါင်းအတွင်း လေလမ်းကြောင်းကို ပိတ်စေသည်။ သို့ဖြစ်၍ ပန်ကာများကို ပုံမှန်ဆေးကြောပေးသင့်သည်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
Health Updates Journal

 



Related Articles


Advertisment 18