Skincare တွေအသုံးပြုတဲ့အခါ ဘာတွေသတိထားရမလဲ
07-Sep-2020
တကယ်လို့ သင်ဟာ
Brand တစ်မျိုးတည်းကထုတ်တဲ့ အလှကုန်ပစ္စည်းတွေကို အသုံးပြုမယ်ဆိုရင် တစ်မျိုးနဲ့တစ်မျိုး
အတူရောလိမ်းတဲ့အခါမှာ တစ်မျိုးရဲ့ အာနိသင်ကို နောက်တစ်မျိုးက မနှောင့်ယှက်သလို၊ တစ်ခုပေါ်နောက်တစ်ခုထပ်လိမ်းရင်လည်း
မတည့်တာ အဖြစ်နည်းပါတယ်။ Brand မျိုးစုံ အသုံးပြုရင်တော့ တစ်မျိုးနဲ့ တစ်မျိုးဓာတ်မတည့်ဖြစ်မှာ၊
အရေပြားကိုထိခိုက်နိုင်တာကို သတိထားရပါမယ်။
အလှကုန်ပစ္စည်းတွေထဲက
ပါဝင်ဓာတုပစ္စည်းတွေကိုလည်း လေ့လာထားပါ။ ဘာလို့လဲဆိုတော့ ပြင်းတဲ့ Treatment အတွက် သုံးရတဲ့အလှကုန်ပစ္စည်းတွေအသုံးပြုနေစဉ်မှာ
ရောမသုံးရမယ့်ဓာတုပစ္စည်းတွေရှိပါတယ်။
ရောလိမ်းလို့ ဓာတ်မတည့်တဲ့အခါအရင်ဆုံးသိနိုင်တဲ့အချက်က
ချွေးပေါက်တွေပိတ်တာ၊ ဖယ်ရှားရခက်တဲ့ အဖြူရောင်အဆံလေးတွေဖြစ်တာတွေ တွေ့ရမှာပါ။
Retinol ဓာတုပစ္စည်းပါဝင်တဲ့
အလှကုန်ကို AHAs ပါဝင်တဲ့ Skincare နဲ့ ရောမလိမ်းပါနဲ့။ အရေပြားကို ထိခိုက်စေပါတယ်။
ဝက်ခြံထွက်တတ်တဲ့
အသားအရေရှိသူဆိုရင် Benzoyl Peroxide နဲ့ Salicylic အက်စစ်တွေကို နှစ်မျိုးလုံး တစ်ခါတည်းရောမလိမ်းပါနဲ့။
Sensitive
Skin လိုမျိုး ထိရှလွယ်တဲ့အသားအရေမျိုးဆိုရင် အယ်လ်ကိုဟောပါဝင်တဲ့ တိုနာတွေ၊ ဂျယ်လ်ပုံစံအခြေခံထုတ်လုပ်ထားတဲ့
အစိုဓာတ်ထိန်းခရင်မ် Moisturizer တွေနဲ့မတည့်ပါဘူး။
ဝက်ခြံအတွက် ထုတ်ထားတဲ့
Acne products တွေနဲ့ Exfoliative Treatments တွေဖြစ်တဲ့ AHA / BHA pads, peels,
Detoxifying Masks တွေကို တစ်ကြိမ်တည်း၊ တစ်ညတည်းမှာ အတူတူအသုံးမပြုပါနဲ့။ နှစ်မျိုးစလုံးက
အရေပြားကို ခြောက်စေတာမို့လို့ အရေပြားကို Irritation ဖြစ်စေပါတယ်။
Retinol ပါတဲ့ ခရင်မ်တွေကိုလည်း Exfoliative Treatments တွေနဲ့
အတူအသုံးမပြုပါနဲ့။
Exfoliative Treatments တွေကို တစ်ပတ်တစ်ကြိမ်ကနေ သုံးကြိမ်အများဆုံးပဲအသုံးပြုပါ။
Detoxifying / Clay Masks တွေကို တစ်ပတ်တစ်ကြိမ် အသုံးပြုရင် လုံလောက်ပါတယ်။
Credit : ထူးဒါလီကိုကို
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
