မိတ်ကပ်နှင့် နေလောင်ကာခရင်မ်
20-Dec-2019
နေလောင်ကာခရင်မ်ကို လက်တွေ၊
ခြေထောက်တွေလိမ်းတာက လွယ်ကူပြီး အဆင်ပြေပါတယ်။ ဒီတော့ မျက်နှာမှာ ဘယ်လိုနေလောင်ကာခရင်မ်လိမ်းမလဲ၊
အစိုဓာတ်ထိန်းခရင်မ်ရော၊ အောက်ခံမိတ်ကပ်ရော၊ ပေါင်ဒါရော၊ နေလောင်ကာခရင်မ်ရော အကုန်
ဘယ်လိုရောလိမ်းမလဲမေးစရာဖြစ်လာပါတယ်။ နေလောင်ကာခရင်မ်က စနစ်တကျမလိမ်းရင်လည်း သူရဲ့အာနိသင်က
မရနိုင်ပါဘူး။ ဒီအတွက် လိမ်းနည်းအဆင့်ဆင့်ကို ဖော်ပြပေးလိုက်ပါတယ်။
Tips
-
အရင်ဆုံး
အသားအရေအတွက် သင်လိမ်းနေကျ အစိုဓာတ်ထိန်းခရင်မ် Skin care တွေကို အရင်လိမ်းပါ။
-
ဒုတိယအဆင့်မှာ
နေလောင်ကာခရင်မ်လိမ်းပါ။ နေလောင်ကာခရင်မ် မျက်နှာမှာလိမ်းဖို့ဆိုရင် လက်ဖက်ရည်ဇွန်း
သုံးပုံတစ်ပုံလောက်ယူပါ။ မျက်နှာပြင်အနှံ့လိမ်းပါ။ ခြောက်အောင်ထားပါ။
-
တတိယအဆင့်မှာ
အောက်ခံမိတ်ကပ်ဖောင်ဒေးရှင်းလိမ်းပါ။ ဒီအပေါ်ကမှ ပေါင်ပါလိမ်းနိုင်ပါတယ်။
မျက်နှာလိမ်း နေလောင်ကာခရင်မ်အမျိုးမျိုးရှိပါတယ်။ SPF ပါဝင်တဲ့ အောက်ခံမိတ်ကပ်၊
SPF သီးသန့် မျက်နှာလိမ်းခရင်မ်၊ SPF ပါဝင်တဲ့
မိတ်ကပ်ပေါင်ဒါ၊ SPF ပါဝင်တဲ့ အစိုဓာတ်ထိန်းခရင်မ် စသဖြင့် အမျိုးမျိုးရှိပါတယ်။
ဒီတော့ အပေါ်မှာပြောထားတဲ့ နေလောင်ကာခရင်မ် လိမ်းပုံအဆင့်ဆင့်က SPF သီးသန့်ပါတဲ့ နေလောင်ကာ
ခရင်မ်ကို ဘယ်လိုလိမ်းမလဲဆိုတာပါ။ ဒီ SPF သီးသန့်ပါတဲ့ နေလောင်ကာခရင်မ်
လိမ်းပြီးရင်တော့ မိတ်ကပ်လိမ်းတဲ့အခါဖြစ်ဖြစ်၊ ပေါင်ဒါပုတ်ရင်ဖြစ်ဖြစ် SPF မပါတာပဲအသုံးပြုပါ။ ဘာလို့လဲဆိုတော့ SPF တွေလိမ်းတာများလွန်းရင်
အရေပြားကို အလာဂျီဖြစ်စေတတ်ပြီး ချွေးပေါက်တွေပိတ်ကာ ဝက်ခြံထွက်လာစေပါတယ်။
ဒါပေမယ့် နေလောင်ခရင်မ်ကို နှစ်နာရီခြားတစ်ခါ ထပ်လိမ်းပေးရမှာဖြစ်လို့ SPF သီးသန့်ပါတဲ့ နေလောင်ကာခရင်မ်ကို
လိမ်းထားပြီး နောက်နှစ်နာရီကြာတဲ့အခါ အပေါ်ကနေ SPF ပါတဲ့ ပေါင်ဒါဖြစ်ဖြစ်၊
SPF ပါတဲ့ Spray ဖြစ်ဖြစ်လိမ်းပေးနိုင်ပါတယ်။ နှစ်နာရီခြားတစ်ခါ
ကြိုက်တဲ့ နေလောင်ကာခရင်မ်ကို ပြောင်းလိမ်းလို့ရပါတယ်။
Credit : ထူးဒါလီကိုကို (M.Sc.in Pharm)
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
