ဘယ်လို Toner မျိုးကို ရွေးချယ်ရမလဲ
05-Nov-2019
Toner တွေဟာ ပျိုမေတို့နဲ့ မကင်းနိုင်သလို အလှအပကြိုက်တဲ့ မမတွေအတွက် အလှမပြင်ခင် အသုံးပြုရမယ့် အရာပဲဖြစ်ပါတယ်။ Toner က Liquid ပုံစံ ဒါမှမဟုတ် Lotion ပုံစံရှိပြီး မျက်နှာပြင်အနှံ့ သန့်စင်စေရန် အသုံးပြုလို့ရပါတယ်။ Skin toner တွေကို မျက်နှာပြင်သစ်ပြီးလို့ဖြစ်ဖြစ်၊ မိတ်ကပ် ဒါမှမဟုတ် Moisturizer မလိမ်းခင်အချိန်တွေမှာ အသုံးပြုလို့ရပါတယ်။ မျက်နှာပြင်ပေါ်ရှိ အစက်အပြောက်များကို ဖယ်ရှားပေးပြီး မလိုအပ်တဲ့ အဆီပိုတွေကို ဖယ်ရှားနိုင်ပါတယ်။ မျက်နှာပြင်ကိုလည်း တင်းရင်းစိုပြည်စေပါတယ်။ Skin Toner တွေဟာ နောက်ပိုင်းမှာ အမျိုးအစား အစုံအလင်ထွက်ရှိလာပြီး ပျိုပျိုတို့အတွက် ရွေးချယ်စရာ စုံလင်လာပါတယ်။
မိမိအသားအရေအပေါ် မူတည်ပြီး ဘယ်လို အမျိုးအစားကို ရွေးချယ်ဝယ်ယူရမယ်ဆိုတာတော့ သိဖို့လိုအပ်ပါတယ်။ Toner က သင့်ရဲ့ အလှအပကို အထောက်အကူပြုရာမှာ အရမ်းကို အရေးကြီးလို့ အရွေးမမှားဖို့လည်း လိုပါတယ်။ ရာသီဥတု အပူချိန်ပြောင်းလဲမှုအပေါ်မှာ မူတည်ပြီး သင့်တော်တဲ့ Toner မျိုးကို ရွေးချယ်ရပါမယ်။
·
ဆောင်းရာသီလိုမျိုး အေးမြတဲ့အချိန်တွေမှာ
Alcohol ပါဝင်မှုနည်းတဲ့
Toner မျိုးကို
ရွေးချယ်သင့်ပါတယ်။
·
နွေရာသီမှာဆိုရင်
Extra Oil Control Toner မျိုးတွေကို
ရွေးချယ်ရမှာဖြစ်ပါတယ်။
·
သင့်ရဲ့
အသားအရေဟာ
ထိခိုက်ပျက်စီးလွယ်တဲ့
အသားအရေဆိုရင်တော့
AHAs လို့ခေါ်တဲ့
Alpha Hydroxy Acids formula ပါဝင်တဲ့
Toner မျိုးက
ဝက်ခြံ၊ ပြည်ဖုထွက်ခြင်းမှလည်း ကာကွယ်ပေးပါတယ်။
ကဲ… ဒီလောက်ဆိုရင် ဘယ်လို Toner မျိုးကို ဘယ်လိုရွေးချယ်ရမယ်ဆိုတာ ပျိုမေတို့
သိရှိပြီးလောက်ပြီလို့
ထင်ပါတယ်။
Credit: ငွေလင်္ကာ
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
