Shingles (ခါးပတ်ရေယုန်)
09-Oct-2017
Herpes zoster virus ကြောင့် ဖြစ်ပွားကူးစက်ခံရသော ရောဂါဖြစ်သည်။ ရောဂါဖြစ်ပွားမှုမှာ နာ့ဗ်ကြောတစ်လျှောက် ဖြစ်လေ့ရှိပြီး အဖြစ်အများဆုံးမှာ ကိုယ်နှင့်ခါးပတ်ပတ်လည်ဖြစ်သည်။ ထို့အပြင် မျက်နှာနှင့် လက်တို့တွင်လည်း ဖြစ်နိုင်ပါသည်။ အခြားသော လက္ခဏာများ ပေါ်မှ ပူလောင်နာကျင်ပြီး မကြာမီ အဖုအပိမ့်များ ပေါ်လာတတ်သည်။ အရေပြားအကွက်လိုက် ရောင်ရမ်းနေပြီး ၎င်းပေါ်တွင် နာ့ဗ်ကြောထောက်ပ့ံရာ အရေပြားတစ်လျှောက်တွင် သေးငယ်ပြီး ထိပ်တွင် အဖြူရောင်ရှိသော အဖုငယ်များ ဖြစ်လာမည်။ ခါးနေရာတွင် ဖြစ်ပါက နောက်ဘက်မှစ၍ ရှေ့ဘက်သို့ တစ်ပတ်ပတ်မိစေသဖြင့် ခါးပတ်ရေယုန်ဟုလည်း ခေါ်သည်။
ရက်သတ္တပတ်အတော်ကြာဖြစ်ပြီးနောက် (၃) ပတ်မှ (၄) ပတ်အတွင်း ရောဂါသက်သာသွားနိုင်၏ တစ်ခါတစ်ရံတွင် သက်ကြီးရွယ်အိုများတွင် အဖုအပိမ့်များ ပျောက်သွားသော်လည်း နာကျင်မှုဝေဒနာကျန်ခဲ့ကြောင်း တွေ့ရသည်။ Calamine lotion ကို လိမ်းပေးခြင်း၊ Antiviral လိမ်းဆေးတို့ကို လိမ်းပေးခြင်းဖြင့် နာကျင်မှုနှင့် ရောင်ရမ်းမှုကို သက်သာစေနိုင်သည်။ Shingles မှာ မျက်လုံးသို့ ကူးစက်ပါက Antiviral ဆေးကို မုချပေးရမည်။ နာကျင်မှုဆက်လက်ခံစားနေရသူများကို အနာသက်သာစေသော ဆေးများပေးနိုင်သည်။ Shingles ဖြစ်နေသောသူများထံမှ ရေကျောက် (Chicken pox) ရောဂါကို ကူးစက်နိုင်ပါသေးသည်။ (Herpes zoster မှာ ရေကျောက်ရောဂါကိုလည်း ဖြစ်စေနိုင်သည်)။
Credit: Dr. May Moe Nwe
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

