နှင်းခူဆိုတာဘာလဲ။
25-Sep-2017
နှင်းခူလို့ခေါ်တဲ့ Eczema ဟာ ဂရိစကားကနေ ဆင်းသက်လာပြီး အရေပြားရောင်ရမ်းကာ အရည်ကြည်ဖုလေးတွေ ပေါ်တတ်တာကို ဆိုလိုပါသည်။ အဖြစ်များတဲ့ အရေပြားရောဂါတွေထဲမှာ ပါ၀င်ပြီး လူ၁၀ယောက်မှာ တယောက်က နှင်းခူနာ တမျိုးမျိုး ရှိဖူးပါတယ်။ခဏတာဖြစ်တဲ့ နှင်းခူရှိသလို နာတာရှည်ဖြစ်တတ်တဲ့ နှင်းခူနာလည်း ရှိပါတယ်။ ခဏတာဖြစ်တဲ့ နှင်းခူမှာ အရည်ကြည်ဖုလေးတွေထွက်နေတတ်ပြီး နာတာရှည်ဖြစ်တဲ့ အခါမှာတော့ အရေပြားက ထူအမ်းပြီး ရောင်ရမ်းနေတတ်ပါသည်။ ခန္ဓာကိုယ်ရဲ ့ကိုယ်ခံအားစနစ်က တုံ ့ပြန်မှု မူမမှန်တဲ့အခါမှာ ဖြစ်တတ်ပါသည်။ အဲ့ဒါကြောင့် ကိုယ်ခံအားစနစ်ကို ဖိနှိပ်ပေးတဲ့ စတီးရွိုက်လိမ်းဆေးတွေနဲ ့ကုသကြရတယ်။
Credit : Dr.ငြိမ်းချမ်းအောင်
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

