စျေးသက်သာတဲ့ မဲ့ခြောက်နဲ့ တင်းတိပ် ပျောက်နည်း
25-Feb-2017
စျေးသက်သာတဲ့ မဲ့ခြောက်နဲ့ တင်းတိပ် ပျောက်နည်း
ဖရဲသီး အောက်ခံအဖြူအသားကို ဓား(သို့) ဇွန်းဖြင့် ပါးပါးလှီးပြီး မျက်နှာပေါ်မှာရှိတဲ့ မဲ့ခြောက်၊ တင်းတိပ် ရှိတဲ့ နေရာပေါ်မှာ တင်ပေးပါ။ ဒီနည်းကို မလုပ်ခင် မျက်နှာကို သန့်စင်အောင် အရင်သန့်ရှင်းရေး လုပ်လိုက် ရပါမယ်။ မျက်နှာ သန့်စင်ပြီးတာနဲ့ ဖရဲသီး အောက်ခံ အဖြူသားကို ပါးပါးလှီးပြီး နာရီတော်တော်ကြာ
အောင် မျက်နှာပေါ် တင်ထားပေးရပါမယ်။
အိပ်ယာဝင်မယ့် အချိန်မှာလည်း လုပ်လို့ ရပါတယ်။ မဲ့ခြောက်၊ တင်းတိပ် ရှိနေသူတွေ အတွက် အဆင်ပြေမယ့် နည်းလမ်း ကောင်းလေးပါ။ ဖရဲသီးမှာပါတဲ့ ရေဓာတ်က မဲ့ခြောက်၊ တင်းတိပ်တို့ကို ပျောက်ကင်းအောင် ပြုလုပ်ပေးနိုင်တဲ့ ဓာတုဆေးဝါးတွေမပါတဲ့ နည်းလမ်းကောင်းလေး တစ်ခုပါ။
ဒီနည်းကို မလုပ်ချင်သူတွေအတွက်ကတော့ ဖရဲသီးစားတဲ့အခါ တိုင်းအောက်ခံ အဖြူသားထိ
စားနိုင်ပါ တယ်။ ဖရဲသီး ကို စားခြင်းဖြင့် ကျန်းမာရေး အတွက်ပါ ကောင်းမွန်ပြီး
ကျောက်ကပ်၊ ဆီး၊ အသဲ၊ အဆုတ်စတဲ့ ရောဂါရှိသူတွေအတွက်လည်း ကောင်းမွန်တဲ့ နည်းလမ်းကောင်းလေးပါဘဲ။ အားလုံး ဖရဲသီးစားတိုင်း အောက်ခံ အဖြူသားပါအောင် စားလိုက် ကြရအောင်နော်။
Healthcare.com.mm
Ref:
myanmar local news
Mandalay Eleven Media Group
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

