ပွေး၊ ညှင်း၊ တင်းတိတ်
29-Oct-2016
ပွေး၊ညှင်း၊တင်းတိတ်၊ဝက်ခြံဖု မပေါက်ဖူးတဲ့သူမရှိပါဘူး ပေါက်ဖူးတဲ့ သူတွေပါပဲ။ စိုးရိမ်စရာ ရောဂါအနာ မဟုတ်ပေမယ့် မျက်နာပေါ်မှာ အပေါက်များတဲ့ ရောဂါတွေဖြစ်လို့ အလှပျက်၊မျက်နာပြရခက်ပါတယ်။ငါးရက်အတွင်း သက်သာပျောက်ကင်းစေတဲ့ မြန်မာ့ရိုးရာလိမ်ဆေးလိမ်းကြည့်ပါ။ဆေးဖော်ဖို့ကလည်း အလွန်လွယ်ကူပါတယ်။ ဆေးနည်းမှာ-ကြက်သွန်နီဥသေးတစ်လုံးကို အခွံနွာပြီး ညက်အောင်ထောင်းပါ။ ပြီးရင် ကြွေပုဂံလုံထဲ ထည့်ပြီး သံပရာသီးတစ်လုံးကို အရည်ညစ်ချလို့ ရောဖျော်ပါ။ သင့်ရဲ့ ပွေးကွက်၊ညှင်းကွက်၊တင်းတိတ်ကွက်၊ဝက်ခြံဖုကို လိမ်းပေးပါ တစ်နေ့နှစ်ကြိမ်လိမ်းပေးပါ။ ညပိုင်းမှာ မျက်နာကို ရေနွေးနဲ့သန့်စင်ပြီး သနပ်ခါးအမြစ်လိမ်းပြီးအိပ်ပါ။ ငါးရက်လောက် ဆက်တိုက်လုပ်ရင် သင့်မျက်နာဟာ ကြည်လင်ရှင်းသန့်ပြီး ကျက်သရေရှိစွာ လှပနေပါလိမ့်မယ်။ မယုံမရှိပါနဲ့။ လက်တွေ့ သူငယ်ချင်း၊မိတ်ဆွေများကို ဒီဆေးနည်းလေးပေးပြီး လက်ဖက်ရည်သောက်ခဲ့ရပေါင်း များခဲ့ပြီ မို့တင်ပြလိုက်တာပါ။
Ref: ဒေါ်စိုး at 11:43 AM Labels: အလှအပ မြတ်ပန်းရဂုံ
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

