အလှကုန်ပစ္စည်းများနှင့် ဓာတ်မတည့်ခြင်း
27-Dec-2018
ခေါင်းလျှော်ရည်၊ မိတ်ကပ်နှင့်ရေမွှေးများ အစရှိသော အလှကုန်များသည် စိတ်ကျေနပ်မှုကိုပေးစွမ်းနိုင်သော်လည်း ဓာတ်မတည့်ခြင်းတို့ အနည်းနှင့်အများ ဖြစ်စေတတ်ပါသည်။၂၀၁၀ခုနှစ်လေ့လာတွေ့ရှိချက်အရ အလှကုန်သုံးစွဲသူ၃ပုံ၁ပုံဟာ ဓာတ်မတည့်တတ်ကြောင်းသိရှိရသည်။
ဓာတ်မတည့်ခြင်းရောဂါ လက္ခဏာစု
လက္ခဏာများမှာ ရိုးရိုးအင်ပျဉ်ထခြင်းမှ ဆိုးရွားသောအခြေအနေအထိဖြစ်နိုင်ပြီး စစအသုံးပြုချိန်တွင်လက္ခဏာချက်ချင်းပေါ်တတ်သလို နှစ်ချီ၍ကြာမှလည်းပေါ်လာတတ်ပါသည်။
(၁) Irritant Contact Dermatitis ခေါ် ရိုက်ပွတ်တိုက်မှုကြောင့် အရေပြားရောင် ဓာတ်မတည့်မှုဖြစ်ခြင်းသည် အသားပူလောင်ခြင်း၊ ယားယံခြင်း၊ အလှကုန်ဓာတုပစ္စည်းထိသည့်နေရာ နီရဲလာခြင်းတို့ဖြစ်တတ်သည်။ ကုတ်ခြစ်မိပါက အရည်ကြည်ဖုပေါက်ပြီး အရည်ကြည်များစိမ့်ထွက်နိုင်ပါသည်။
(၂) Allergic Contact Dermatitis ခေါ် ကိုယ်ခံအားနှင့်ပတ်သတ်သည့် အရေပြားရောင် ဓာတ်မတည့်ခြင်းတွင် နီရဲခြင်း၊ ရောင်ရမ်းခြင်း၊ ဖောင်းကြွလာခြင်း၊ ယားယံခြင်း၊ အင်ပျဉ်ကွက်ကြီးများထခြင်းတို့တွေ့နိုင်သည်။ အသားအရေ နီစပ်၍ ကြမ်းတမ်းရုံသာမက အခြားကိုယ်အစိတ်အပိုင်းနေရာများ (အထူးသဖြင့် မျက်နှာ၊ နား၊ နှုတ်ခမ်း၊ နားရွက်နှင့် လည်ပင်း) တွင်လည်း ဖြစ်နိုင်ပါသည်။
အထက်ပါရောဂါ၂ခုကို တိတိကျကျခွဲခြားရန်ခက်ခဲပြီး ၂ခုလည်းတစ်ပြိုင်နက်ဖြစ်နိုင်ပါသည်။အနံ့များနှင့် ကြာရှည်ခံအောင်သုံးသောဓာတုပစ္စည်းများသည် လူကိုအန္တရာယ်ပေးလေ့ရှိသည်။ အနံ့အတုအပထည့်ထားခြင်းမရှိဟု ကြေငြာထားသော ကုန်ပစ္စည်းများတွင်ပင် အနံ့ပျောက်အောင်ထည့်သွင်းထားသော ဓာတုပစ္စည်းများပါဝင်နိုင်ပြီး ဓာတ်မတည့်မှုများဖြစ်စေနိုင်သည်။
စောင့်ကြည့်ရမည့် အလှကုန်ပစ္စည်းများ
သတိပြုသင့်သည့်အလှကုန်များမှာ ရေချိုးဆပ်ပြာများ၊ ဆပ်ပြာမှုန့်များ၊ ချွေးနံ့ပျောက်ဆေးများ၊ မျက်လုံးခြယ်သသောမိတ်ကပ်များ၊ ခေါင်းလျှော်ရည်၊ ကြာရှည်ခံနှုတ်ခမ်းဆိုးဆေးများ၊ လက်သည်းနီများ (အထူးသဖြင့် ဖော်မယ်ဒီဟိုက်ပါသောထုတ်ကုန်များ) နှင့် မီသာခရွိုင်လိတ်ပါသော လက်သည်းကပ်ကော်များဖြစ်ပါသည်။ p-phenylenediamine ဓာတ်ပါသော ဆံပင်ဆိုးဆေးများနှင့် Ammonium Persulfate ပါသောဆံပင်အရောင်ချွတ်ဆေးများကိုလည်း ဂရုပြုသင့်ပါသည်။
လူအချို့သည် Sunscreen Sensitivity ခေါ် နေကာပါသောလိမ်းဆေးများနှင့် ဓာတ်မတည့်ခြင်းရှိတတ်ကြပြီး လိမ်းမိပါက အရေပြားရောင်ရမ်းသည့်လက္ခဏာပြတတ်ကြ၍ ဆိုင်ရာအရေပြားဆရာဝန်နှင့် ပြသရန်လိုအပ်ပါသည်။
ကုသနည်းများ
အဓိကအရေးကြီးဆုံးအချက်မှာ သုံးစွဲမှုကိုအမြန်ရပ်တန့်ခြင်းပင်ဖြစ်သည်။ ရပ်လိုက်ပါက သက်သာပျောက်ကင်းသွားစေတတ်ပြီး လိုအပ်ပါက ဆရာဝန်နှင့်ဆွေးနွေး၍ Hydrocortisone ခရင်မ်ကို အရောင်ကျရန် ချိန်ဆကာလိမ်းနိုင်သည်။ မတိုင်ပင်ဘဲ မိမိဘာသာလိမ်းပါက အသားအရောင်ဖျော့ပြီးအဖြူကွက်များကျန်ရစ်စေတတ်သည်။
ရှောင်ရှားနည်း / ကာကွယ်နည်းများ
• ဓာတုပစ္စည်းပါဝင်မှုအချိုးအစားနည်းသော အလှကုန်များအားရှာဖွေသုံးစွဲပါ။
• ကုန်ပစ္စည်းတစ်ခုကိုမသုံးခင် ပမာဏအနည်းငယ်ကို အရေပြားတွင်းအစမ်းတို့လိမ်းကြည့်ပါ။ ၄၈-၇၂နာရီအတွင်း နီရဲလာခြင်း၊ယားယံခြင်း၊ပူခြင်း၊ရောင်လာခြင်းစသော ဓာတ်မတည့်မှုဖြစ်လာပါက မသုံးစွဲရပါ။
• ရေမွှေးတို့ကို လက်/အသားတစ်နေရာတွင်ဆွတ်မည့်အစား အင်္ကျ ီအဝတ်အစားတွင်ဆွတ်ပေးပါ။
• ကုန်ပစ္စည်းဘူးခွံတွင် “Hypoallergic” သို့မဟုတ် “အရေပြားဆရာဝန်စမ်းသပ်ပြီး” အစရှိသော ကြေငြာထားချက်များကိုလည်း ရာနှုန်းပြည့်မယုံကြည်နိုင်ပါ။ အချို့ကုမ္ပဏီများက လိုက်နာမှုမရှိသောကြောင့် သေချာစစ်ဆေးလေ့လာပြီးမှ ဝယ်ယူသုံးစွဲပါ။
Credit: Web MD page
Edited by Dr. Su Nge
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
