Print

ကြွက်နို့အကြောင်းတစေ့တစောင်း

  01-Jan-1970
Preview Image

ကြွက်နို့ဆိုသည်မှာ 

• ကြွက်နို့ဆိုတာ Human Papilloma Virus လို့ခေါ်တဲ့ ဗိုင်းရပ်စ်ပိုးတစ်မျိုးကြောင့်ဖြစ်တဲ့ အရေပြားပိုးဝင်ခြင်းကို ခေါ်တာပါ။

• ကြွက်နို့ဖြစ်တဲ့နေရာမှာ အရေပြား rseration တွေဟာ ထူလာပြီး ဖုတက်လာတာပါ။ 

• ကုတ်ဖဲ့ခြင်း၊ ညှပ်ပစ်ခြင်းတို့လုပ်ပါက ခဏသာ သက်သာပြီး ပြန်ဖြစ်တတ်ပါတယ်။ ပိုကြီးပြီပိုထူလာတတ်ပါတယ်။ 


ကြွက်နို့ဖြစ်တတ်တဲ့သူတွေ

• အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။

• ကိုယ်ခံစွမ်းအားကျတဲ့သူ၊ ဆီးချိုရှိသူ၊ ကင်ဆာရောဂါရှိသူတွေမှာ ပိုအဖြစ်များတတ်ပါတယ်။ 

• နာတာရှည်အရေပြားရောဂါရှိသူ၊ သားငါးကိုင်တွယ်သူ ထိတွေ့သူတွေမှာ ပိုပြီး ကြွက်နို့ကူးစက်လွယ်ပါတယ်။ 

• ကြွက်နို့ရှိသူရဲ့ အသုံးအဆောင်ပစ္စည်းတွေကို သုံးမိရင်လည်း ကူးစက်တတ်ပါတယ်။ 

• အရေပြားချင်းထိတွေ့ခြင်း၊ လိင်ဆက်ဆံခြင်းတို့မှတစ်ဆင့်လည်း ကူးစက်နိုင်ပါတယ်။ 


ကြွက်နို့ကို ဘယ်လိုပုံစံမျိုးနဲ့ တွေ့နိုင်သလဲ

• ကြွက်နို့ကို မျက်နှာပြင်ကြမ်းမာတဲ့ အဖုလေးတွေ တစ်ဖုချင်း (သို့) အဖုလေးတွေ ဆက်ပြီး မို့တက်လာတဲ့ အသားအာလုံးလေးအဖြစ် တွေ့ရပါမယ်။ 

• စထွက်ခါစမှာ မနာသော်လည်းကြာပြီး ကြီးလာရင် တစ်ခါတစ်ရံ နာလာတတ်ပါတယ်။ 

• ခြေဖဝါးကြွက်နို့ဆိုရင် ဖိနင်းတဲ့အခါ နာတတ်ပါတယ်။ 


ကြွက်နို့ကိုဘယ်လိုကုသနိုင်ပါသလဲ

• ကြွက်နို့ဟာ အချိန်ကြာလာရင် အများကြီးပွားတတ်ပါတယ်။

• နှစ်လလောက် အိမ်တွင်းနည်းအမျိုးမျိုးနဲ့ ဖယ်ထုတ်လို့ မရပါက ကြွက်နို့ကို စနစ်တကျ ကုသသင့်ပါတယ်။ 

• ကိုယ်ခံစွမ်းအားကျရင်လည်း သူ့အလိုလိုပျောက်ခဲပါတယ်။ 


(၁) လိမ်းဆေးဖြင့်ကုသခြင်း 

 အရေပြားကို စားစေတဲ့လိမ်းဆေး (ဥပမာ - salicylic acid, podophyllin) ပေးပြီးကုသခြင်း Podophyllin သည် ကိုယ်ဝန်ဆောင်သည်တွင် သုံးလို့မရပါ။


(၂) အအေးပေးခြင်းဖြင့် ကုသခြင်း (Cryotherapy) 

 ၃လ မှ ၄လခန့် သေချာမှန်ကန်စွာ ကုသရမည်


(၃) လျှပ်စစ်စက်ဖြင့် ဖယ်ထုတ်ကုသခြင်း (Electrosurgery) 

 ထုံဆေးသုံးရသည်။ အမာရွတ် ကျန်တတ်ပါသည်။ အနာကျက်ရန် နှစ်ပတ်ခန့်စောင့်ရပါသည်။ ၂၀ ရာခိုင်နှုန်း ပြန်ဖြစ်တတ်သည်။ လေဆာနှင့်လည်း ကုသနိုင်ပါသည်။


Credit: Dr.Hsu



Related Articles


Advertisment 18