Print

မိန်းမကိုယ်ယားယံခြင်း

  10-Apr-2017
Preview Image

အရွယ်ရောက်သည့်အမျိုးသမီးတော်တော်များများသည်မိန်းမကိုယ်ယားယံသည့္ဝေဒနာကို ခံစားရလေ့ရှိသည်။မိန်းမကိုယ်ယားယံသည့်အတွက် နေမထိထိုင်မသာဖြစ်ခြင်း၊ တစ်ခါတစ်ရံပြင်းထန်လာပါကနာကျင်ခြင်းများပါဖြစ်လာနိုင်ပါသည်။မိန်းမကိုယ်ယားယံခြင်းကို ဖြစ်စေသော အကြောင်းတော်တော်များများသည် စိုးရိမ်စရာမရှိသော်လည်း အရေပြားရောဂါများလိင်မှတစ်ဆင့်ကူးစက်သောရောဂါများ၊မိန်းမကိုယ်ကင်ဆာများနှင့်လည်းတွဲနေတတ်သည်။


ဖြစ်ပွားရသည့် အကြောင်းရင်းများ

၁။ဓာတ်မတည့်ခြင်း( သုံးစွဲနေသည့် ဆပ်ပြာများ၊ အမျိုးသမီးသန့်စင်ဆေးရည်များ၊ လိမ်းဆေးကရမ်င်များ၊ အတွင်းခံများ၊ ကွန်ဒုံးများ၊ ဝတ်ဆင်သော အတွင်းခံများနှင့် ဓာတ်မတည့်ခြင်းများကြောင့်လည်းဖြစ်နိုင်သည်)

၂။မိန်းမကိုယ်အရေပြားယောင်ယမ်းခြင်း၊နှင်းခူရောဂါ စသည့်အရေပြားရောဂါများ၊

၃။မိန်းမကိုယ် မှိုစွဲခြင်း၊

၄။ဘက်တီးရီးယားပိုးဝင်ခြင်း၊

၅။လိင်မှတစ်ဆင့်ကူးဆက်သောရောဂါများ(ကြွက်နို ့၊ ဆီးပူညောင်းကျရောဂါ၊ 

ရေယုံပေါက်ခြင်း၊ ကာလသားရောဂါ )၊

၆။သွေးဆုံးသည့်အသက်အရွယ်၊

၇။စိတ်ဖိစီးမှုများခြင်း၊

၈။မိန်းမကိုယ်ကင်ဆာ၊


ဆရာဝန်နှင့်သွားရောက်ပြသသင့်သည့် အချက်များ

၁။မိန်းမကိုယ်တွင် အနာများ၊ အရည်ကြည်ဖုများဖြစ်ခြင်း၊

၂။မိန်းမကိုယ်တစ်ဝိုက်နာကျင်ခြင်း၊နီရဲနေခြင်း၊

၃။ဆီးသွားရခက်ခဲခြင်း၊

၄။မိန်းမကိုယ်မှ ပုံမမှန် အရည်များဆင်းခြင်း၊

၅။အမျိုးသားနှင့် အတူတူနေစဉ် နာကျင်ခြင်း၊


လိုက်နာသင့်သည့် အချက်များ။

၁။မိ်န်းမကိုယ်ကို သန် ့ရှင်းရေးလုပ်သည့်အခါ ရေခပ်နွေးနွေးကို အသုံးပြုပါ။ရေချိုုးကန်ထဲတွင် ရေစိမ်ချိုးခြင်း၊ အမျိုးသမီးသန့်စင်ဆေးရည်များ အလွန်အမင်းသုံးခြင်း၊ အနံ ့ပြင်းသော ဆပ်ပြာများ၊ ကရင်မ်များသုံးခြင်းကို ရှောင်ကြဉ်ပါ။

၂။ရေကူးပြီးလေ့ကျင့်ခန်းလုပ်ပြီးစိုစွတ်သောအဝတ်အစားများ၊အတွင်းခံများကိုလဲလှယ်ပေးပါ။

၃။လွတ်လပ်ပေါ့ပါးပြီး လေဝင်လေထွက်ကောင်းသော ချည်ထည်အတွင်းခံများကိုသာ ဝတ်ဆင်ပါ။

၄။ဒိန်ချဉ်သောက်ပါ။ဒိန်ချဉ်သည် မှိုစွဲခြင်းကို လျော့နည်းစေပါသည်။

၅။လိင်မှတစ်ဆင့်ကူးဆက်သောရောဂါများကိုကာကွယ်ရန် ကွန်ဒုံးကို အသုံးပြုပါ။

၆။အလေးစွန် ့ပြီးသန် ့ရှင်းရေးလုပ်သည့်အခါ ရှေ့မှနောက်သို ့သာဆေးကြောပါ။


Credit: Dr Moon (7887 Healthcare call center) 

Ref: Healthline




Related Articles


Advertisment 18