Print

ငယ်ရွယ်နုပျိုစေသော အသားအရေထိန်းသိမ်းနည်း (၁၀)ချက်

  03-Apr-2017
Preview Image

(၁) နေလောင်ဒဏ်မှ ကာကွယ်ပေးပါ

ခရမ်းလွန်ရောင်ခြည်ဒဏ်မှ ကာကွယ်ရန် သင့်တော်သော အကျင်္ ီရှည်များဝတ်ခြင်း သို့ SPF 30 အနည်းဆုံးပါသော နေကာခရင်များလိမ်းသင့်ပါသည်။


(၂) တစ်နေ့တစ်ကြိမ်သာ မျက်နှာကိုဆပ်ပြာနှင့်ဆေးကြောပါ 

မျက်နှာသစ်ဆေးများသုံးမည်ဆိုလျှင် တစ်နေ့တစ်ကြိမ်သာ ညနေ/ညဘက်တို့တွင် သစ်သင့်ပါသည်။ တစ်နေကုန်ကပ်တွယ်နေသော ဖုန်နှင့်မိတ်ကပ်အညစ်အကြေးတို့ကို စင်ကြယ်အောင်ဆေးကြောရပါမည်။ မနက်စောစောသစ်သည့်အခေါက်တွင် ဆပ်ပြာမသုံးပဲ ရေနွေးနွေးလေးဖြင့်သာ သစ်သင့်ပါသည်။


(၃) ရေချိုးပြီးပြီးချင်း ၃မိနစ်အတွင်း ရေဓာတ်ပြန်ဖြည့် (Moisturizeပြန်လုပ်)ပေးပါ

ရေချိုးပြီးပြီးချင်း ၃မိနစ်အတွင်း ရေဓာတ်ပြန်ဖြည့်ရန်အတွက် Moisturizerများအသုံးပြုပေးပါ။ တစ်နေကုန် ရေများများသောက်ပေးခြင်းသည်လည်း အသားအရေကိုစိုပြေလှပစေပါသည်။


(၄) အသီးအရွက်များများစားပေးပါ

အသီးအရွက်များတွင်ပါဝင်သော ဗီတာမင်စီ နှင့် အေဓာတ်တို့သည် အင်တီအောက်စီဒန့် (Antioxidant)ဓာတ်များဖြစ်ပြီး ဆဲလ်များပျက်စီးခြင်းကို လျော့ကျစေပါသည်။


(၅) ဆေးလိပ်ငွေ့နှင့် ဝေးဝေးရှောင်ပါ

ဆေးလိပ်သည် အသားအရေကြမ်းတမ်းခြင်း၊ ချွေးပေါက်ကျယ်ခြင်း၊ သွေးလည်ပတ်မှုနှောင့်နှေးစေခြင်း အစရှိသည်တို့ကို ဖြစ်စေသည်။ ထို့ကြောင့် ကိုယ်တိုင်သောက်ခြင်းသော်လည်းကောင်း သူတစ်ပါးဆီမှ တစ်ဆင့်သော်လည်းကောင်း ဆေးလိပ်ငွေ့အား ရှောင်ကြဉ်သင့်ပါသည်။


(၆) ကောင်းမွန်စွာ အိပ်စက်အနားယူပါ

ဦးခေါင်းကို ခေါင်းအုံးမြင့်မြင့်အုန်း၍ ပက်လက်အနေအထားနှင့် ဖြောင့်မတ်စွာအိပ်စက် အနားယူသင့်ပါသည်။ မှောက်လျက်အနေအထားနှင့် မျက်နှာကိုခေါင်းအုံးနှင့်ကပ်ပြီးအိပ်ခြင်းသည် မျက်လုံးများအစ်မို့စေပြီး မျက်တွင်းတွေမည်းစေပါသည်။


(၇) အုန်းဆီစစ်စစ်ကို လိမ်းပေးပါ

အသက်အရွယ်ရလာသူများ အထူးသဖြင့် အသားခြောက်သူများအနေနှင်း အုန်းဆီ သို့ အုန်းဆီပါသော Moisturizerများလိမ်းခြင်းဖြင့် ရေဓာတ်ဆုံးရှုံးမှုနည်းစေပါသည်။ ဆံကေသာပျက်စီးမှုကိုလည်း ကာကွယ်ပေးပါသည်။


(၈) သင့်တင့်လျောက်ပတ်စွာ Shaveလုပ်ပါ

အသားအရေခြောက်သွေ့ချိန်တွင် မရိတ်ပဲ ရေနွေး သို့ ရေဝတ်ဖတ်နှင့်တိုက်ပြီးမှသာ Shaveလုပ်ပေးပါ။


(၉) မျက်နှာလေ့ကျင့်ခန်း ယောဂကျင့်ပေးပါ

မေး၂ထပ်ပျောက်စေရန် ယောဂကျင့်စဉ်မှာ

• နှုတ်ခမ်းစူ၍ ဘယ်ဘက်သို့ ဖြည်းဖြည်းစောင်းပါ

• ခေါင်းကိုလည်း ဘယ်သို့လှည့်ပြီး ၄၅ ဒီဂရီ မော့ထားပါ

• ၃-၅ စက္ကန့်ထား၍ ၂ကြိမ်ပြုပါ

• ညာဘက်သို့ ပြောင်းပါ


(၁၀) လိုတာထက်ပို၍ှ Facial Scrubလုပ်ခြင်းမှ ရှောင်ကြဉ်ပါ။

လိုတာထက်ပို၍ှ Facial Scrubလုပ်ခြင်းကြောင့် ဖြစ်သောဆိုးကျိုးများမှာ

• ရေဓာတ်ဆုံးရှုံးခြင်း

• အသားအရေ နီစပ်စပ်နှင့် ခြောက်သွေ့ခြင်း

• ပူစပ်ပူလောင်ဖြစ်ခြင်း

• အထိမခံသော Sensitive Skinဖြစ်ခြင်း

• ယားယံခြင်း တို့ဖြစ်ပါသည်။


Credit: Top 10 Home Remedies page

Edited by: Dr. Su Nge



Related Articles


Advertisment 18