Print

အရေပြားနီမြန်းခြင်း အမည်းစက်နှင့် ဝက်ခြံတို့ကို ပျောက်ကင်းစေရန်

  27-Feb-2017
Preview Image

နည်းလမ်းကောင်းများ

ယခုလအတွက်တော့ အသားအရေ အမျိုးအစားအားလုံးတွင် ဖြစ်တတ်သည့် အရေပြား နီမြန်းတာ၊ အမည်းစက်နှင့် ဝက်ခြံထွက်တာတွေအတွက် ကုသနည်းများကို ဖော်ပြလိုပါတယ်။ အဲဒီနည်းတွေကို မိမိနေအိမ်မှာ လွယ်လွယ်ကူကူ အချိန်အနည်းငယ်ပေးရုံဖြင့် ပျောက်ကင်းသက်သာ စေနိုင်တယ်ဆိုတာ ရှေးဦးစွာ အသိပေးလိုပါတယ်။

 

အရေပြားနီမြန်းခြင်းအတွက်
၁။ ကြက်ဥအကာနှင့် ပျားရည်ရောထားသည်များကို မျက်နှာပြင်မှာ သုတ်လိမ်းထားခြင်းဖြင့် မျက်နှာတွင်ရှိသည့် နီမြန်းမှုတွေကို ညင်သာစွာနဲ့ ဖယ်ရှားပေးမှာပါ။ 

 

၂။ ဂျုံကို ပျားရည်၊ ဒိန်ချဉ် နှင့် ဗာဒံစေ့အဆီတို့ဖြင့် ရောပါ။ ၎င်းတို့ကို မျက်နှာပေါ် သုတ်လိမ်းထားပါ။ ငါးမိနစ်ကြာတဲ့အခါ ရေခပ်နွေးနွေးနဲ့ မျက်နှာကိုဆေးကြောပစ်လိုက်ပါ။

 

၃။ သခွားသီးဟာ သဘာဝအတိုင်းမျက်နှာကို သန့်စင်ပေးတဲ့ အသီးဖြစ်ပါတယ်။ ဒါကြောင့်မို့ သခွားသီးအရည်ကို နို့နဲ့ရောပြီး Facial Cleanser ကဲ့သို့ အသုံးပြုပါ။

 

၄။ အဆီပြန်တတ်တဲ့ အရေပြားအတွက်ကိုတော့ စပျစ်သီးအရည်၊ ရှောက်ရည်နှင့် ကြက်ဥအကာတို့ကို ရောပြီး၎င်းအရည်ကို မျက်နှာပေါ် မိနစ် ၂၀ ကြာတဲ့အထိထားပေးပါ။ ထို့နောက်မှ ရေနွေးဖြင့် မျက်နှာကို ဆေးကြောပစ်လိုက်ပါ။ ရှောက်ရည်ကလည်း သဘာဝအတိုင်း သန့်စင်ပေးနိုင်တဲ့ အရည်တစ်မျိုးဖြစ်ပါတယ်။ စပျစ်ရည်က အရေပြားကို နူးညံ့စေပြီး ကြက်ဥအကာက အရေပြားကို တင်းရင်းစေပါတယ်။ ဤနည်းကြောင့် သင့်အရေပြား ယားယံခြင်းဖြစ်ခဲ့မယ်ဆိုလျှင်တော့ အသုံးပြုရန် မသင့်ပါဘူး။ သင်နှင့် ဓာတ်မတည့်တာမျိုး ဖြစ်နိုင်ပါတယ်။

 

၅။ ရှောက်သီးကို ခြမ်း၍ သင့်မျက်နှာပြင်တစ်ခုလုံးပေါ်သို့ ပွတ်တိုက်ပေးပါ။ ထိုအတွင်းပွတ်တိုက် ပေးပြီးနောက် ၂၀ မိနစ်ကြာ ဒီအတိုင်းထားပေးပါ။ ထို့နောက်မှ ရေအေးအေးနဲ့ မျက်နှာသစ်ပစ်ပါ။ ထို့သို့ပြုလုပ်ခြင်းဖြင့် သင့်မျက်နှာကို လန်းဆန်းစေမှာပါ။ ဒါပေမဲ့ အဲဒီနည်းကို အရေပြားခြောက်သွေ့တတ်သည့် သူများ အသုံးပြုရန် မသင့်လျော်ပါ။

 

၆။ ပျားရည်၊ သံပရာရည်နှင့် ဟင်းသီးဟင်းရွက်ဆီတို့ကို ရောပါ။ ထိုရောထားသည့်အရည်သည် ခြောက်သွေ့သောအရေပြားအတွက် လိုအပ်နေသော ကောင်းမွန်သည့် Moisturizer ပင် ဖြစ်ပါသည်။ ၎င်းကို မျက်နှာပြင်ပေါ် လိမ်းပြီး ၁၀ မိနစ်ကြာသည်အထိ ထားပါ။

 

၇။ ပျားရည်နဲ့နို့ကို ရောပြီး မျက်နှာပြင်ပေါ် သုတ်လိမ်းထားပါ။ ထိုသို့ ပြုလုပ်ခြင်းက အရေပြားကို နူးည့ံစေပါတယ်။

 

၈။ ပါးပါးလှီးထားသော ရွှေဖရုံသီး အချပ်လေးများ၊ ကြက်ဥအနှစ်ရည်နှင့် နွားနို့တို့ကို ရော၍ မျက်နှာပြင်ပေါ် သုတ်လိမ်းပြီး မိနစ် ၃၀ ကြာသည် အထိထားပေးပါ။

 

၉။ လက်ဖက်ရည်ပန်းကန်လုံး တစ်ဝက်စာ ပမာဏရှိသည့် ပျားရည်ကို သင်ချိုးမည့် ရေထဲတွင်ထည့်ပြီး ရေချိုးပါက အရေပြားကို ပျော့ပျောင်းပြီး ချောမွေ့စေမှာ အမှန်ပင် ဖြစ်ပါသည်။

 

အမည်းစက်များအတွက် 
(၁) ရှောက်ရည် လက်ဖက်ရည်ဇွန်းနဲ့ တစ်ဝက်ကို Glycerin အနည်းငယ်နဲ့ ရောပြီး အမည်းစက်များအပေါ်တို့ထားပေးပါ။

(၂) ကြိတ်ချေထားသော ကွမ်းရွက်များနှင့် အုန်းဆီ အနည်းငယ်ကို ရော၍ အစက်အပြောက်ပေါ် အုံထားပေးပါ။

(၃) Saffron နှင့် ပျားရည်တို့ကိုရော၍ ဝက်ခြံပေါ်ရှိ အမည်းစက်များပေါ် လိမ်းပေးပါ။

 

ဝက်ခြံများအတွက်
(၁) နနွင်းမှုန့်နှင့် neem တို့ကို ရော၍ ဝက်ခြံပေါ် လိမ်းပေးထားပါ။

(၂) ဒိန်ခဲအနည်းငယ်၊ နနွင်းမှုန့်နှင့် ဆီနှစ်စက်တို့ကိုရော၍ ဝက်ခြံပေါ် အုံထားပေးပါ။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး

Credit:
မိုးသူခိုင်
Healthfor all magazine, May 2016, Pg.63

 



Related Articles


Advertisment 18