ဆိုရီးယားစစ်
27-Feb-2017
ကမ္ဘာပေါ်မှာ လူ (၁၂၅) သန်းထိ စွဲကပ်နေတဲ့ ဒီရောဂါကို မြန်မာလို့ ဂျွတ်ပွေးနာလို့ ကျွန်တော်က အမည်ပေးထားပါတယ်။ လူနာက သူ့ရောဂါက ဘာလဲဆိုပြီး မေးလာရင် အင်္ဂလိပ်လို ဆိုရခက်တာမို့ ဆီလျော်အောင်၊ နားလည်လွဲအောင် ပြောလိုက်ရတာပါ။ ဂျွတ်ဆိုတာ ထူထူအမ်းအမ်း၊ ကုတ်လိုက်ရင် အကြေးခွံတွေ ကွာကျပါတယ်။ ပွေးဆိုတာ ကတော့ နီနီရဲရဲနဲ့ ယားပါတယ်။ ဆိုရီးယားစစ်ရောဂါဟာ နီနီရဲရဲ၊ ဖောင်းကြွဂျွတ် တတ်နေတဲ့ အကွက်တွေပါ။ အများစုကတော့ ယားလည်းယားပါတယ်။ ကုတ်လိုက်ရင်လည်း အဖြူရောင်အကြေးခွံကြမ်းတွေ ဖွာခနဲကွာကျတာကို တွေ့ရမှာပါ။ တကယ်တော့ ဒီရောဂါဟာ ပွေးလည်းလုံးဝမဟုတ်ပါဘူး။ တးသယောင်ပဲ ရှိတာပါ။ ကူးစက်ရောဂါလည်း မဟုတ်ပါဘူး။
ဘာကြောင့်ဖြစ်မှန်းလည်း အတိအကျမသိရသေးသလို အမြတ်ပြတ်အောင်လည်း ကုသနိုင်တဲ့ ကုထုံးမရှိသေးပါဘူး။ ပေါ်ချည်၊ ငုပ်ချည်နှင့် လုံးချောလိုက်ရတဲ့ ရောဂါပေါ့။ ဘိုလိုပြောရရင် Relapse and Remission ပေါ့။ ကျားမ မရွေး၊ လူမျိုးမရွေး၊ အသက်အရွယ်မရွေး ကြုံနိုင်တဲ့ရောဂါပါ။ တစ်ကိုယ်လုံး နေရာအနှံ့ ဖြစ်နိုင်ပေမယ့် အကွေးအဆန့်နေရာတွေမှာ အတွေ့များပါတယ်။ ဒူး၊ တံတောင်ဆစ်၊ လက်ဆစ်တွေနဲ့ ခြေမျက်စိတွေမှာ ပိုပြီး သိသိသာသာ တွေ့ရပါတယ်။ တချို့ဆို ခြေဆစ်၊ လက်ဆစ်တွေပါ ကိုက်ခဲတတ်တာမို့ လေးဖက်နာတွေထဲ သူလည်းစာရင်းဝင်ပါတယ်။ ဒီရောဂါကို အမြစ်ပြတ် ကုနည်း မရှိသေးတာမို့ ဘဝလက်တွဲဖော် (Lifelong Companion) လို့တောင် ကမ္မည်းတပ်ကြပါတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာကျော်ကျော်
(အရေပြားအထူးကုဆရာဝန်ကြီး)
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

