နှုတ်ခမ်းတွေ ဘာကြောင့်အက်ကွဲရတာလဲ
27-Feb-2017
တံတွေးမရှိရင် ပါးစပ်ပတ်လည်က အရေပြားကို ခြောက်သွေ့စေပါတယ်။ ဒါကြောင့် ခံတွင်းထဲက အရေပြားမှာ ရေဓာတ်မရှိဘဲ အာခေါင်တွေ ခြောက်တယ်လို့ ပြောလေ့ရှိပါတယ်။ ထိုသို့ အာခေါင်ခြောက်တာနဲ့ တစ်ပြိုက်နက် နှုတ်ခမ်းလေးတွေပါ ခြောက်သွေ့အက်ကွဲ လာ
ပါတော့တယ်။ အဲဒါနဲ့အတူ လျှာလည်းကြမ်းလာ၊ ခြောက်သွေ့လာပြီး အစာရေစာမျိုချဖို့ ခက်လာပြီး စကားပြောရတာလဲ မချောမွေ့တော့ပါ။
တံတွေးက သင့်ခံတွင်းထဲက အစာကို အစာအိမ်ထဲ ထိုးချဆွဲယူနိုင်အောင် ကူညီတာမို့ တံတွေးမရှိ ခြောက်သွေ့လာရင် အစာအပိုင်းအစလေးတွေနဲ့ အကျိုးအပျက်တွေ ခံတွင်းထဲကျန်ပြီး ခံတွင်းရနံ့ပါ ဆိုးစေတတ်သည်။ အဲဒီလို အာခေါင်ခြောက်နေတဲ့အချိန် နှုတ်ခမ်းနီဆိုးလိုက်ပါက တံတွေးမျိုတဲ့အတွက် နှုတ်ခမ်းနီဟာ သွားမှာပေရေနေတာတွေ့ရမှာဖြစ်ပါတယ်။ ဘာကြောင့် အာခေါင်ခြောက်ရတာလဲဆိုတော့ ဆေးဝါးများစားနေရခြင်းကြောင့် အဖြစ်များပါတယ်။
ဥပမာ - နှာစေးပျောက်ဆေး၊ တုပ်ကွေးပျောက်ဆေး၊ အအေးမိ၊ ဓာတ်မတည့်ဆေးဝါးတွေ၊ သွေးကျဆေးတွေ၊ စိတ်ရောဂါကုဆေးတွေ အစုံစုံကြောင့်ပါပဲ။ ဓာတ်ရောင်ခြည်နှင့် ကုသရတာ၊ ကင်ဆာဆေးသွင်းတာ၊ ဦးနှောက်နှင့်လည်ပင်း ထိခိုက်ဒဏ်ရာရတာ၊ ဆေးလိပ်၊ အရက်သောက်တာတို့ကြောင့်လည်း ဖြစ်နိုင်ပါတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
မေ
Health New Journal
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

