Print

တင်းတိပ်

  27-Feb-2017
Preview Image

တင်းတိပ်ဆိုတာ အရေပြားရဲ့ အရောင်နဲ့ဆိုင်တဲ့ ရောဂါတစ်ခုပေါ့။ မျက်နှာအရေပြား နဂိုကထက် ပိုမည်း ပိုရင့်သွားတာပါ။ အန္တရာယ် မရှိပါဘူး။ 

ဘာကြောင့်ဖြစ်ရတာပါလဲ
ဒါကိုတော့ ဒီနေ့အထိ ဆေးသိပ္ပံရှင်တွေ သေသေချာချာ မသိရသေးပါဘူး။ မျိုးရိုးဗီဇလိုက်လို့ ဖြစ်ရတာရှိသလို နေရောင်ခြည်ကြောင့်လည်း ဖြစ်ရတာလို့ ထင်ကြေးတွေ ရှိပါတယ်။ တချို့အမျိုးသမီးတွေမှာ ကိုယ်ဝန်ရှိနေတုန်း တင်းတိပ် စထွက်လာတာရှိသလို တချို့မှာတော့ ကိုယ်ဝန်တားဆေး စားနေစဉ် ဖြစ်လာတာကို သတိထားမိကြတယ်။ ဒါကြောင့်ပဲ သူတို့က တင်းတိပ်ကို ဓမ္မတာကြောင့် ဖြစ်ရတယ်ဆိုပြီး ပြောကြတယ်။ တကယ်တော့ မိန်းမဓမ္မတာနှင့် မဆိုင်ဘူးလို့ ပြောရမှာပဲ။ ဘာကြောင့်လဲဆိုတော့ အမျိုးသားတချို့လည်း ဖြစ်ကြတယ်လေ။ တင်းတိပ်ရောဂါဟာ ယောကျ်ား၊ မိန်းမ မရွေးဘဲ ဖြစ်နိုင်ပါတယ်။

 

မျက်နှာရဲ့ ဘယ်နေရာတွေမှာ ဖြစ်တတ်ကြသလဲ
မျက်နှာတင် မဟုတ်ဘူး၊ လက်မောင်းအပေါ်ပိုင်း၊ ရင်ဘတ်အပေါ်ပိုင်းတို့မှာ လည်း ဖြစ်နိုင်တာဘဲ။ မျက်နှာမှာဆိုရင်တော့ နဖူး၊ နှာခေါင်း၊ အပေါ်နှုတ်ခမ်းအနီး မေးစေ့နဲ့ ပါးတွေမှာ ဖြစ်နိုင်ပါသည်။ 

 

ဘယ်အသက်အရွယ်လောက်မှာ ဖြစ်ကြသလဲ
အပျိုဖော်၊ လူပျိုဖော်ဝင်ပြီးတဲ့ နောက်ပိုင်းမှာ စဖြစ်နိုင်ပြီး အသက်ကြီးလာတာနဲ့ အမျှ ဖြစ်ဖို့နှုန်း များလာတယ်လို့လည်း ဆိုကြသည်။ အပျို၊ လူပျို မဖြစ်ခင်မှာတော့ အလွန် အဖြစ်နည်းကြတယ်လေ။

 

ဘယ်လိုကုကြမလဲ
တင်းတိပ်ကို နည်းပေါင်းစုံနဲ့ ကုလို့ရတယ်။ စားဆေး၊ လိမ်းဆေး၊ ဓာတုဆေးတွေနဲ ့အပြင် အရေပြား အပေါ်ယံလွှာတဲ့နည်း (chemical peeling) နောက်ဆုံးပေါ် လေဆာတွေနဲ့ ရွေးစရာတော်တော်များများ ရှိတယ်လို့ ဆိုရပေမယ့် အကောင်းဆုံးကတော့ ဟိုက်ဒရိုကီနုံး (Hydroquinone) ပဲပေါ့။ စားဆေးကိုတော့ ဆက်ပြီး လေ့လာစမ်းသပ်မှုတွေ လုပ်ရအုံးမယ်လို့ ဆိုတယ်။ စမ်းသပ်မှုတချို့အရတော့ လိမ်းဆေး၊ စားဆေး နှစ်မျိူ းစလုံး တွဲကုတာ ပိုကောင်းတယ်လို့ ဆိုတယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာသောင်းညွှန့်ရွှေ
Health for all magazine, No.109, February 2016, Pg.41-42



Related Articles


Advertisment 18