ဆံသားဆိုးဆေး အလာဂျီ
25-Feb-2017
ဆံသားဆိုးဆေး အလာဂျီ
ဆိုးဆေးနဲ့ ဓာတ်မတည့်ရင်တော့ များသောအားဖြင့် အရေပြားတွေရဲရောင်ပြီး ယားတော့တာပါပဲ။ ဓာတ်မတည့်တာချင်းအတူတူ တစ်ယောက်နဲ့တစ်ယောက် အတိမ်အနက်တော့ ကွာတာပေါ့။ နည်းနည်းပါးပါး ယားတာ၊ ရောင်တာလောက်နဲ့ပဲ ပြီးသွားသလို အသက်ရှူကျပ်၊ သတိလစ်ပြီး ဆေးရုံပို့ရတဲ့အထိလည်း ပြင်းထန် ချင် ပြင်းထန် ပါတယ်။ မျက်ခွံနဲ့ နားကတော့ နည်းနည်းလောက် ဓာတ်မတည့်တာနဲ့ကို ရဲပြီး ယားတော့ တာပါပဲ။ သိပ်ပြီးပြင်းထန်ရင်တော့ ဦးခေါင်းတစ်ခုလုံးနဲ့ မျက်နှာတစ်ပြင်လုံး ဖူးရောင် သွားနိုင်ပါတယ်။ မျက်ခွံတွေလည်း ရောင်ကိုင်းပြီး မျက်လုံးတောင် မပွင့်တော့ပါဘူး။
ပါးစပ်ဝန်းကျင်နဲ့ နှုတ်ခမ်းတွေလည်း ထူအမ်းပြီး ယားတော့တာပါ။ လည်ကုပ် လည်း အလွတ်မပေး ပါဘူး။ ဆိုးဆေးနဲ့ ထိတွေ့တဲ့ နေရာတွေမှန်သမျှ ယားပါတော့တယ်။ တချို့ကျတော့ ဆေးနဲ့ထိတဲ့ နေရာတွေမပါဘဲ တစ်ကိုယ်လုံး အခြားနေရာတွေ အထိပါ ဝုန်းဆို အယားဖုတွေ အင်ပျဉ်တွေ ထွက်ပြီး ယားသွားတာပါ။ PPD နဲ့ မတည့်ခဲ့ရင် ထူးဆန်းတာက ဆံပင်ဆိုးဆေးတွေ ဆိုးနေတဲ့အဆင့် ခြောက်သွားတဲ့ အခါ မှာတော့ ပြဿနာတွေ ထပ်ပြီး မပေးတော့ပါဘူး။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာကျော်ကျော်
(အရေပြားအထူးကုဆရာဝန်ကြီး)
Ziwaka magazine, January 2016, Pg.60
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

