ခံတွင်းရေယုန်ရောဂါ
25-Feb-2017
ခံတွင်းရေယုန်ရောဂါ
ခံတွင်းရေယုန်သည် ငယ်စဉ်ကလေးဘဝကပင် ကူးစက်ခံရပြီး ရေယုန်ရောဂါပိုး (Herpes Simplex Virus) သည် ခံတွင်းအတွင်း၌ နေရာယူထားကာ အခြေအနေပေးပါက ပြန်လည်ဖြစ်တတ်ပါသည်။ ပထမဦးစွာ အရည်ကြည်ဖုလေးများ သွားဖုံး၊ ပါးစောင်နှင့် အာခေါင်များတွင် ပေါ်လာပြီး ထိုအဖုကလေးများ
ပေါက်သွားသောအခါ Ulcers ခေါ် အနာခွက်ကလေးများအဖြစ် ပြောင်းသွားပါသည်။
ကိုယ်အပူချိန်တက်ပြီး လည်ပင်းဘေးရှိအကျိတ်များ ရောင်တတ်ပါသည်။ အနာများက ပြင်းထန်စွာ နာကျင်စေပါသည်။ အခြားရောဂါပိုးများ မဝင်နိုင်စေရန် ပဋိဇီဝပိုးဆေးနှင့် အနာသက်သာဆေးများသောက်သုံးရန် လိုအပ်ပါသည်။ တစ်ပတ်မှ ၁၀ ရက်အတွင်း သက်သာလာနိုင်ပါသည်။
ဤရောဂါ စတင်ဖြစ်ခါစတွင် Acyclovir (Zovirax) ခေါ် ဗိုင်ရပ်စ်ပိုးသတ်ဆေးကို လိမ်းပေးလျှင် သိသိသာသာသက်သာတတ်ပြီး ရောဂါပိုမိုဆိုးရွားလာပြီးမှ လိမ်းလျှင်ဆေးအာနိသင် မထိရောက်တော့ပါ။ ထိုအခြေအနေတွင် Acyclovir (Zovirax) သောက်ဆေးကို မှီဝဲမှသာ ထိရောက်စွာ ကုသနိုင်ပါမည်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာတင်လတ်
Health for all magazine, No.106, November 2015, Pg. 65-66
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
