အနည်းငယ်သွေးထွက်ခြင်း (Mirnor Bleeding)
25-Feb-2017
အနည်းငယ်သွေးထွက်ခြင်း (Mirnor Bleeding)
ပွန်းပဲ့ခြင်း၊ ဓားရှခြင်း၊ သွားကိုက်မိခြင်း စသောဒဏ်ရာလေးများကြောင့်ဖြစ်သည်။
(၁) ဒဏ်ရာရသောနေရာကို ရေနှင့်ဆပ်ပြာသို့မဟုတ် ဒက်တော (ဝါ) ဘီတာဒင်းဖြင့် ဆေးပါ။ ယင်းဆေးများဆွတ်ထားသော အဝတ်စ (Gruze) ဖြင့် သန့်စင်ပါ။ ဝါဂွမ်းကိုမသုံးပါနှင့်။ ဝါဂွမ်းမျှင်များ အနာထဲများကျန်ရစ်မည်စ်ုး၍ ဖြစ်သည်။
(၂) ပိုးသတ်ဆေးတစ်ခုခုလိမ်း၍ ပလာစတာကပ်ပါ။ သို့မဟုတ် ပတ်တီးစီးပါ။ ပိုးသတ်ဆေးပါ လိမ်းဆေးများမှာ အလွယ်တကူရသော Savlon Burnol, Dettol တစ်ခုခုသုံး၍ရပါသည်။
(၃) လူနာကို စိတ်မပူရန်အားပေးပါ။
(၄) မေးခိုင်ရောဂါကာကွယ်ဆေး (TT or Tetanus Toxoid) ကိုဆရာဝန်နှင့်ထိုးပါ။
(၅) အက်စ်ပရင်မသောက်ပါနှင့်။ နာကျင်က အခြားနာကျင်ပျောက်ဆေး တစ်ခုခုဥပမာ Panadol or Tynelol or Ibuprofen သောက်ပါ။ ထိုသို့ ဒဏ်ရာအနာတရ ဖြစ်ပွားပါက မိမိအိမ်တွင် အရေးပေါ်သူနာပြုဆေးအိတ်ရှိပါက ပို၍အဆင်ပြေနိုင်သည်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာမောင်မောင်ညို
လူတိုင်းအတွက်အရေးပေါ်ဆေးပညာ စာအုပ်မှကောက်နှုတ်ထားပါသည်။

