ချွေးထွက်များခြင်း အကြောင်း
25-Feb-2017
ချွေးထွက်များခြင်း အကြောင်း
လူတစ်ယောက်ဟာ ပုံမှန်အနေနဲ့ ချွေးဘယ်လောက်ထွက်ရမယ်လို့ အတိအကျမရှိဘူး။ ခန္ဓာကိုယ်ရဲ့ အခြေအနေအရ လိုအပ်သလို ချွေးထွက်ပေးရတာပါ။ တစ်နေ့ကို လှုပ်ရှားမှုအပေါ် မူတည်ပြီး တစ်လီတာလျော့လျော့ကနေ လီတာတော်တော်များများ ထွက်နိုင်တယ်။ တစ်လီတာဆိုတာ ပုံမှန်ရေသန့်ပုလင်းကြီး တစ်လုံးစာပါ။ အဲကွန်းအခန်းထဲမှာ ရုံးအလုပ်လုပ်နေသူနဲ့ လယ်ကွင်းထဲမှာ ထွန်ယက်စိုက်ပျိုးနေတဲ့သူ ဘယ်တူပါ့မလဲ။ အပူထဲမှာ ခွန်အားစိုက်ထုတ် လုပ်ကိုင်နေရသူက ချွေးပိုထွက်တာ ပုံမှန်ပါ။
ရောဂါကြောင့်ဆိုရင်တော့ ကုသသင့်တယ်။ ရောဂါဆေးဝါးတွေကြောင့် မဟုတ်ဘဲ ဒီအတိုင်း ချွေးထွက်များတာဆိုရင်တော့ မိမိသဘောပါပဲ။ ဒါပေမယ့် ချွေးထွက်များတာဟာ လူနေမှုဘဝကို နှောင့်ယှက်တယ်။ ဆယ်ကျော်သက်တွေ ချိုင်း (ဂျိုင်း) မှာ ချွေးစိုနေတော့ လက်မမြှောက်ရဲဘူး။ သူငယ်ချင်းတွေက စကြ၊ နောက်ကြတယ်။ လူကြီးတွေကျတော့ အလုပ်မှာ ပြဿနာရှိတယ်။
အားပြင်းတဲ့ ချွေးထွက်နည်းဆေး (Anti-perspirant) နဲ့ ချွေးနံ့ပျောက်ဆေး (Deodorant) တွေသုံးပါ။ လိမ်းဆေးတွေကို ညဘက်မှာလည်း လိမ်းပေးပါ။ ညဘက်မှာ လိမ်းရင် အာနိသင်ပိုရတယ်။ ချွေးအိတ်တွေထဲ ပိုမိုစိမ့်ဝင်ပြီး ချွေးပြွန်တွေကို ပိတ်စေတယ်။ နံနက်ပိုင်းမှာ လိမ်းရင် ထွက်တဲ့ချွေးနဲ့ရောပြီး အာနိသင် လျော့တတ်တယ်။ အရေပြား မပွန်းပဲ့အောင် သတိထားပါ။ ချိုင်း (ဂျိုင်း) လိုနေရာဟာ နူးည့ံတာကြောင့် ထိခိုက်ပွန်းပဲ့လွယ်တယ်။ တစ်ကိုယ်ရေ သန့်ရှင်းရေးကို ပုံမှန်ဂရုစိုက် လုပ်ဆောင်ပါ။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit :
ဒေါက်တာစိုးဝင်းဦး
(အရေပြားအထူးကုဆရာဝန်ကြီး)
Ziwaka magazine, September 2014, Pg. 60-62
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
