အမာရွတ်တွေကို ပျောက်စေဖို့ ကုသနည်း
25-Feb-2017
အမာရွတ်တွေကို ပျောက်စေဖို့ ကုသနည်း
အမာရွတ်တွေ ပျောက်စေဖို့ဆိုရင် နေရောင်ခြည်ကို တတ်နိုင်သမျှ ရှောင်ရပါမယ်။ နေရောင်ကာခရင်မ် သုံးရပါမယ်။ အမာရွတ်ပျောက်စေဖို့အတွက် သင့်တော်မယ့်ဆေးကို ဆရာဝန်ပြပြီး လိမ်းရပါမယ်။
ပုံမှန်ဖြစ်တတ်တဲ့ အမာရွတ်ကတော့ ကြာလာရင် သက်သာသွားတတ်ပေမယ့် အမာရွတ်အဖုလုံး (Keloid) ကတော့ ဆေးကုသရ ခက်ခဲပါတယ်။ Keloid အမာရွတ်ကို အရောင်ကျဆေး ထိုးလိုက်ပြီးရင် သက်သာပေမယ့် ဆေးအရှိန်ကုန်ချိန်မှာတော့ Keloid က ပွားတတ်ပြီး ပြန်ကြီးတတ်တဲ့အတွက် ပြန်ကြီးလာမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် Keloid မဖြစ်အောင် အကောင်းဆုံးက ဒဏ်ရာ မရအောင်နေဖို့ပါပဲ ဖြစ်ပါတယ်။
၁။ ရေဓာတ်ဖြည့်ဆီ ဆေးလိမ်းပေးပါ။
၂။ အထူးပြုလုပ်ထားတဲ့ Polyurethane or silicone ဂျဲလ် သုံးနိုင်ပါတယ်။
၃။ အမာရွတ်ကို ဖိအားသုံးပြီး သေးအောင်ပြုလုပ်နိုင်ပါတယ်။
၄။ ခွဲစိတ်ပြီး စနစ်တကျ ပြန်ချုပ်ရပါမယ်။
၅။ အရောင်ကျဆေး ထိုးလို့ရပါတယ်။
၆။ အအေးပေး ကုသနည်း (Cryotherapy) နဲ့ ကုသလို့ ရပါတယ်။
၇။ အပေါ်ယံ ဓာတ်ရောင်ခြည် ကုသမှု (Superficial X-ray Treatment) နဲ့ ကုသလို့ ရပါတယ်။
၈။ လေဆာနည်းနဲ့ ကုသလို့ရပါတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Ref:
ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)
Arogyam magazine, May 2013, No. 262, Pg.76
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
