Print

၂၀၂၆ ခုနှစ်ထုတ်ပြန်ထားသော သွေးတွင်းအဆီစစ်ဆေးခြင်း ဆေးကုသမှုလမ်းညွှန်ချ...

  02-Jun-2026
Preview Image

၂၀၂၆ ခုနှစ်ထုတ်ပြန်ထားသော သွေးတွင်းအဆီစစ်ဆေးခြင်း ဆေးကုသမှုလမ်းညွှန်ချက်အသစ် (New Guidelines)

++++++++++++++++++++++++++++++++++++++

American Heart Association (AHA) ၏ ၂၀၂၆ ထုတ်ပြန်သော သွေးတွင်းအဆီများခြင်းကြောင့် နှလုံးရောဂါနှင့်လေဖြတ်ခြင်းများကိုကြိုတင်စစ်ဆေးခြင်း၊ ကာကွယ်ကုသခြင်းများအား အသက်ငယ်ရွယ်စဉ် (အသက် ၁၀နှစ်အရွယ်) ကတည်းက စစ်ဆေးသင့်ကြောင်း ဆေးကုသမှုလမ်းညွှန်ချက်အသစ်ကိုထုတ်ပြန်ခဲ့ပါသည်။


ဆရာဝန်များအနေဖြင့်လည်း ခေတ်သစ်ဆေးပညာရပ်များအစဉ်ဆက်မပြတ်ဆေးပညာလေ့လာဆည်းပူးခြင်း (Continuous Medical Education) များပြုလုပ်ပြီး ပြည်သူလူထု၏ကျန်းမာရေးအဆင့်အတန်းကိုမြှင့်တင်လျက်ရှိပါသည်။ 7887 Healthcare hotline center မှ ဆရာဝန်များအနေဖြင့်လည်း ကျန်းမာရေးပညာပေးခြင်း၊ အကြံပြုခြင်းများအား နောက်ဆုံးပေါ်ဆေးကုသမှုလမ်းညွှန်ချက်များအတိုင်း ဆောင်ရွက်လျက်ရှိကြောင်း အသိပေးအပ်ပါသည်။


လေ့လာမှုအသစ်တစ်ခုအရ ၂၀၁၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်အတွင်း အသက် ၁၈ နှစ်မှ ၅၄ နှစ်ကြား လူကြီးများတွင် ပြင်းထန်သော ပထမအကြိမ် နှလုံးရောဂါအောင့်ခြင်းကြောင့် ဆေးရုံ၌ သေဆုံးမှုနှုန်းမှာ ၅၇% အထိ မြင့်တက်လာကြောင်း သိရသည်။

သေဆုံးသူအများစုမှာ အမျိုးသားများဖြစ်သော်လည်း အမျိုးသမီးများ၏ သေဆုံးမှုနှုန်းမှာ အမျိုးသားများထက် ပိုမိုမြင့်မားနေသည်ကို တွေ့ရသည်။


ပုံမှန်အားဖြင့် သွေးတွင်းအဆီဓာတ်စစ်ဆေးခြင်း Lipid Profile တစ်ခုတွင် အကြမ်းဖျင်းအားဖြင့် Total cholesterol , Triglycerides, LDL, HDL, VLDL ငါးမျိုးစစ်ဆေးလေ့ရှိပါသည်။ HDL အကျိုးပြုအဆီဓာတ်ကလွဲပြီး ကျန်ဓာတ်များအား အကျိုးမပြုအဆီဓာတ်များအဖြစ်သတ်မှတ်နိုင်သည်။ HDL ပမာဏများပြီး ကျန်ပမာဏနည်းခြင်းအား ပစ်မှတ်ထားကုသကြရသည်။ အချို့အခြေအနေများတွင် Lipoprotein နှင့် Apolipoprotein များဖြစ်သည့် Lp(a), ApoA1, ApoB တို့ကိုစစ်ဆေးခြင်းဖြင့် အသေးစိတ်အချက်အလက်များသိရှိနိုင်ပြီး သွေးတွင်းအဆီချဆေး Statins များအား အမျိုးအစားနှင့် ပမာဏချိန်ညှိပေးကြလေ့ရှိပါသည်။


သွေးတွင်းအဆီကျဆေးမှာ ညဘက်အိပ်ရာဝင်ခါနီးအချိန်သောက်ရန်မှာကြာလေ့ရှိပြီး အမျိုးအစားအုပ်စု ၅ မျိုးခန့်ရှိသည်။ အများအားဖြင့် Statins အုပ်စုဖြစ်သည့် Atovastatin, Rosuvastatin, Simivastatin စသဖြင့်ပေးလေ့ရှိပြီး အချိန်ကြာလာသည်နှင့်အမျှဆေးအာနိသင်ပမာဏများလာပါက အခြားဆေးအုပ်စုများကို ပြောင်းလဲအသုံးပြုလေ့ရှိသည်။ Statins အမျိုးအစားသည် LDL နှင့် Triglycerides ပမာဏကိုသိသာထင်ရှားစွာကျဆင်းစေပြီး HDL ပမာဏတိုးပွားစေနိုင်သဖြင့် ကနဦးအဖြစ် အဓိကထားပေးလေ့ရှိပါသည်။ ဘေးထွက်ဆိုးကျိုးအဖြစ် ကြွက်သားနာကျင်ခြင်းအနည်းငယ်ရှိသော်လည်း လူတိုင်းမဖြစ်နိုင်ပါ။

အမေရိကန်ပြည်ထောင်စုရှိ လူငယ်ပိုင်းနှင့် လူလတ်ပိုင်းများတွင် ကျန်းမာရေးအခြေအနေ ပိုမိုဆိုးရွားလာနေသည့် နောက်ဆုံးပေါ် အထောက်အထားတစ်ခုဖြစ်ပြီး၊ ပုံမှန်အားဖြင့် အသက်ကြီးသူများတွင်သာ ဖြစ်ပေါ်သည့် နှလုံးရောဂါနှင့် ကင်ဆာကဲ့သို့သော ရောဂါဝေဒနာများဖြင့် သေဆုံးနေရခြင်းကို မီးမောင်းထိုးပြနေသည်။


လွန်ခဲ့သည့် ဆယ်စုနှစ်များစွာကပင် ဆေးပညာတိုးတက်မှုများကြောင့် နှလုံးရောဂါနှင့် အခြားအသက်အန္တရာယ်ရှိသော နှလုံးဝေဒနာရှင် သန်းပေါင်းများစွာကို ကယ်တင်နိုင်ခဲ့သော်လည်း၊ လူငယ်ပိုင်းများတွင် ကျန်းမာရေးပိုမိုညံ့ဖျင်းလာခြင်းကြောင့် နှလုံးရောဂါသည် အမေရိကန်ပြည်ထောင်စုတွင် အဓိကသေဆုံးရသည့်အကြောင်းရင်းအဖြစ် ဆက်လက်တည်ရှိနေခြင်းဖြစ်သည်။


ယခုကဲ့သို့ သေဆုံးမှုနှုန်း မြင့်တက်လာရခြင်းကို ဖြစ်ပေါ်စေသည့် အဓိကအန္တရာယ်ရှိသော အကြောင်းရင်းများတွင် ဆီးချိုရောဂါ၊ နာတာရှည် ကျောက်ကပ်ရောဂါနှင့် မူးယစ်ဆေးဝါးသုံးစွဲမှုတို့ ပါဝင်ကြောင်း အဆိုပါလေ့လာမှုက ဆိုသည်။ ထို့ပြင် ဝင်ငွေနည်းပါးမှုကြောင့် ဆေးကုသစရိတ် မတတ်နိုင်ခြင်းသည်လည်း အကြောင်းရင်းတစ်ခု ဖြစ်နိုင်သည်။

အမျိုးသားများနှင့် နှိုင်းယှဉ်ပါက အမျိုးသမီးများတွင် ဆီးချိုရောဂါ၊ အဝလွန်ခြင်း၊ နာတာရှည် ကျောက်ကပ်ရောဂါနှင့် ဝင်ငွေနည်းပါးမှု အချိုးအစား ပိုမိုများပြားကြောင်းလည်း လေ့လာမှုတွင် တွေ့ရှိရသည်။


သို့ဖြစ်ပါ၍ ရောဂါလက္ခဏာပြသည့်အချိန်မှကုသလျှင် ဆေးကုသမှုအခက်အခဲများ၊ လူမှုဘဝအရည်အသွေးကျဆင်းခြင်းများ၊ အသက်အန္တရာယ်ရှိနိုင်သည်အထိ ဖြစ်လာနိုင်သဖြင့် မိမိကိုယ်တိုင်က သွေးတိုး၊ ဆီးချို၊ အဝလွန်၊ အထိုင်များ၊ အစားအသောက်ပုံစံမမျှတခြင်း၊ ကိုယ်လက်လက်လှုပ်ရှားမှု တစ်နေ့အနည်းဆုံး ၂၀-၃၀မိနစ်ခန့်မရှိလျှင် ကြိုတင်စစ်ဆေးခြင်းများပြုလုပ်၍ လိုအပ်ပါက ဆေးကုသမှုများကြိုတင်ရယူခြင်းဖြင့် နှလုံးသွေးကြောဆိုင်ရာ၊ လေဖြတ်ခြင်းဆိုင်ရာနှင့်အခြားမကူးသက်နိုင်‌သောနာတာရှည်ရောဂါများအားရှောင်ရှားနိုင်မည်ဖြစ်ပါကြောင်း သတိပေးအပ်ပါသည်။


Dr Kyaw (Resilience)


#HealthArticle

#seveneighteightseven

#7887healthcare

#7887callcenter



Related Articles


Advertisment 18