Print

အယ်လ်ကိုဟောကို အားဖြည့်အချိုရည်နှင့် တွဲသောက်ပါက အဆိပ်ဖြစ်နိုင်ချေပိုမ...

  13-Sep-2021
Preview Image

အယ်လ်ကိုဟောကို စွမ်းအားဖြည့် အချိုရည်တွေနဲ့ တွဲသောက်တာဟာ အယ်လ်

ကိုဟောကို တစ်မျိုးတည်း သောက်တာထက် အန္တရာယ်ပိုများတယ်လို့ အမေရိကန်က

သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။ အဲဒီလိုမျိုး တွဲသောက်ထားသူတွေဟာ အရက်ပမာဏ

ပိုမိုသောက်သုံးတတ်ပြီး အရက်စွဲသူဖြစ်သွားနိုင်တယ်လို့ ဆိုပါတယ်။ သုတေသီတွေက

ကျောင်းသားပေါင်း ၆၅၂ ယောက်ကို လေးပတ်ကြာ အရက်နှင့်စွမ်းအားဖြည့် အချိုရည်

သောက်သုံးမှုအကြောင်းကို မေးခွန်းထုတ်ကာ မေးခဲ့ရာမှ တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

စွမ်းအားဖြည့်အချိုရည်နဲ့ အယ်လ်ကိုဟောကို တွဲသောက်သူတွေဟာ အရက်စွဲသူတွေဖြစ်သွားပြီး အရက်နဲ့ဆက်စပ်တဲ့ ပြဿနာတွေ ပိုမိုဆိုးဆိုးရွားရွား ဖြစ်ပေါ်တတ်တယ်လို့ ဆိုပါ

တယ်။

 

စွမ်းအားဖြည့်အချိုရည်မှာ ကဖင်းပါဝင်မှုလည်း မြင့်မားတဲ့အတွက် နှလုံးခုန်နှုန်းကို

ပြောင်းလဲနိုင်တယ်ဆိုတဲ့ တွေ့ရှိချက်ကို သိရှိပြီး တောက်ပိုင်းမှာ အခုထပ်မံတွေ့ရှိခဲ့တယ်လို့ ဂျာမနီနိုင်ငံ ဘွန်းတက္ကသိုလ်မှ သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။ ကျန်းမာတဲ့ လူကြီး

တစ်ယောက်အနေနဲ့ စွမ်းအားဖြည့်အချိုရည်သောက်သုံးပြီး တစ်နာရီကျော်ကြာအတွင်း

နှလုံးညှစ်အား သိသိသာသာ တိုးတက်လာတယ်လို့ တွေ့ရှိခဲ့ပါတယ်။ စွမ်းအားဖြည့်အချို

ရည်သောက်သုံးပြီး တစ်နာရီကျော်ကြာအတွင်း နှလုံးညှစ်အား သိသိသာသာတိုးတက်လာတယ်လို့ တွေ့ရှိခဲ့ပါတယ်။ စွမ်းအားပြည့်အချိုရည်သောက်ပြီး တစ်နာရီကြာမှာ ခန္ဓာကိုယ်

တွင်းကို သွေးပို့ပေးတဲ့ ဘယ်ဘက်အောက်ပိုင်း နှလုံးအခန်းက ခက်ခက်ခဲခဲ ညှစ်ရတဲ့အ

တွက် နှလုံးလုပ်ငန်းဆောင်တာမှာ ထိခိုက်မှုရှိတယ်လို့ သိရပါတယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး

Credit:

Arogyam magazine, No.258, Junuary 2014, Pg.142


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18