7887 Healthcare Call Center ရဲ့ အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှု တန်ဆေ...
01-Nov-2017
မင်္ဂလာပါ ...
7887 Healthcare Call Center မှ အများပြည်သူ ကုသိုလ်ကောင်းမှု ပြုလုပ်ကြမည့် မြန်မာသက္ကရာဇ် ၁၃၇၆ ခုနှစ် တန်ဆောင်မုန်းလ အဖိတ်နေ့နှင့် လပြည့်နေ့များတွင်ဗိုလ်တထောင်စေတီတော်မြတ်ကြီး၌ ကျန်းမာရေးစောင့်ရှောက်မှုမဏ္ဍပ် ပြုလုပ်ပြီး ဘုရားဖူး မိဘပြည်သူများ၏ ကျန်းမာရေးလုံခြုံမှုအတွက် ရည်သန်လျက် လိုအပ်သော ဆေးကုသပေးခြင်း၊ ဆွေးနွေးတိုင်ပင်ပေးခြင်းနှင့် Ve Ve မိသားစုနှင့်အတူ အချိုရည်ကမ်းခြင်းအစီအစဉ်တို့အား ကုသိုလ်ဒါနအနေဖြင့် အခမဲ့ ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော်ဖိတ်ကြားအပ်ပါသည်။
ကျန်းမာရေးစောင့်ရှောက်မှုအချိန် -
အဖိတ်နေ့ ၂.၁၁.၂၀၁၇ (ကြာသပတေးနေ့) ညနေ ၃ နာရီ မှ ည ၉ နာရီ အထိ
လပြည့်နေ့ ၃.၁၁.၂၀၁၇ (သောကြာနေ့) နံနက် ၉ နာရီ မှ ည ၉ နာရီ အထိ

