Print

စိတ်တက်စိတ်ကျရောဂါ

  20-Nov-2020
Preview Image

ဤရောဂါသည် အသက် ၂၀ ကျော် ၂၅ နှစ်ကြား စဖြစ်တတ်သည်။ စဖြစ်စတွင် ဤရောဂါဟု ပြောရန်ခက်ခဲသည်။ စိတ်ကျခြင်းဖြစ်ပါက အခြားစိတ်ကျရောဂါဟု ထင်မည်။ နောင်စိတ်တက်ခြင်း ဖြစ်ပါမှ စိတ်တက်စိတ်ကျ တစ်စုံတစ်ဆိုင်း တစ်ဝိုင်း (One Cycle) ပြည့်၍ ဤရောဂါဟု အတိအကျပြောနိုင်သည်။ စိတ်ကြွသည့်အချိန်မှာအနည်းဆုံး ၁ ပတ်၊ နှစ်ပတ်ကြာနိုင်သည်။

 

မမောနိုင် မပန်းနိုင် သွားမည်၊ စားမည်။ စကားပြောမည်။ ထိုသို့ဖြစ်ပြီး ကုသမှုကြောင့်ဖြစ်စေ သူဟာသူ ပြန်ကောင်းသွားမည်။ နောက်ရက်သတ္တပတ်များစွာ၊ လများစွာကျမှ စိတ်ကျရောဂါ လက္ခဏာများပြမည်။ ထိုအခါ သူသည်မလှုပ်တော့။ ငြိမ်သွားသည်။ ဘာမျှတုန့်ပြန်မှုမရှိ။ သူများပျော်သည်ကို မပျော်၊ သူများခေါ်ရာကို မလိုက် ဤသို့တစ်ဆိုင်း တစ်ဝိုင်းပြည့်မှ အစွန်းနှစ်ဘက်ရောဂါ (Bipolar) ဟုခေါ်သည်။

 

(က) စိတ်တက်ကြွနေချိန်လက္ခဏာ

စိတ်ကပျော်သည်၊ မိမိကိုယ်ကိုကျေနပ်သည်၊ အထိမခံ၊ အဝေဖန်မခံ၊ ပိုက်ဆံသုံးရက်ရောသည်၊ အတွေးအခေါ်တစ်ခုမှတစ်ခု၊ အကြံတစ်ခုမှတစ်ခု မကြာခဏပြောင်းလဲတတ်သည်။ ပန်းတိုင်အမျိုးမျိုးပြောင်း၍ လုပ်ကိုင်သည်။ လမ်းလွဲလွယ်သည်၊ အနားမယူ၊ အိပ်မရ (သို့) မအိပ်မနေ လုပ်နေသည်၊ပျော်ရွှင်မှုနောက်လိုက်သည်။ လိင်ဘက်ဆိုင်ရာမှာကဲသည်၊ အမြဲတမ်းစွန့်စားပျော်ရွှင်နေချင်သည်။

 

(ခ) စိတ်ကျသည်အချိန်ရောဂါလက္ခဏာများ

အချိန်ကြာမြင့်စွာ ပူပန်စိုးရိမ်နေသည်။ ယခင်က သာယာခဲ့သောပျော်ရွှင်မှုများတွင် စိတ်မဝင်စား၊ မပျော်ပိုက်၊ မောပန်းသည်။ နုံးသည်။ တစ်ခုခုကိုစိတ်ဝင်စားပိုင်းခြားမလုပ်နိုင်၊ အာရုံမစိုက်နိုင်၊ အလုပ်ပြီးအောင် မလုပ်နိုင်၊ အထိမခံ၊ စိတ်ဆတ်၊ အိပ်မပျော်၊ စားမဝင်၊ လိင်ဘက်တွင်စိတ်မပါ၊ သေကြောင်းကြံရာကြိုးစားသည် အထိဖြစ်နိုင်သည်။

 

အစွန်းနှစ်ဖက်ရောဂါရှိသော ကမ္ဘာကျော်များ

(က) နိုင်ငံခေါင်းဆောင်နိုင်ငံရေးသမားများ

• ဆာဝင်စတန်ချာချီလ်

• သီအိုရိုးရုစဗဲ့ (Theodare Rooseveit)

• သမ္မတကလင်တန်

• အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဘူးလော့ခ် (Bob Bullock)

• စတာလင် (Stalin)

• ယဲ့လ်ဆင် (Stalin)

 

(ခ) သိပ္ပံပညာရှင်များ၊ စာပေပညာရှင်များ

• ကားပေါ်လ်လင့်ခ်

• ဘောလ်ဇက် (Honori De Balzac)

• ဂရေဟမ်းဂရင်း (Graram Green)

• ဂျိုဟန်ဂါဆေး (Jorhann Goethe)

• ကောအာရ်ဂျမီဆန် (K.R.Jamison)

• မတ်စ်တွိန်း (Mark Twain)

• ဗာဂျီးနီးယားဝုဖ် (Virginnia Wolf)

 

ရှေ့အလားအလာ (Prognosis)

စောစီးစွာကုသမှုခံယူသူများမှာ ပုံမှန်လူများလို နေနိုင်၊ စားနိုင်၊ အသက်ရှည်နိုင်သည်။ အထက်တန်းပညာ Ph.D. ဘွဲ့ရသည်အထိ သင်နိုင်၏။ အလုပ်လည်းသူများနည်းတူလုပ်နိုင်၏။ အမေရိကန်သမ္မတ အလုပ်ပင်လုပ်နိုင်သည်။ ကုသမှုမခံယူ၊ ဆေးမစားလျှင် စိတ်ကျရောဂါရ၍ သေဆုံးနိုင်သည်။ မိမိဘာသာ သေကြောင်းကြံစည်နိုင်သည်။ ယခုအခါ ဆေးစွမ်းကောင်း (ဥပမာ SSRI) များပေါ်နေ၍ ပူစရာမရှိပါ။

 

Credit :ဒေါက်တာမောင်မောင်ညို


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18