Print

စကားပြောနောက်ကျသောကလေး

  07-Jan-2021
Preview Image

စကားပြောနောက်ကျတဲ့ ကလေးတွေမှာ အဓိက အကြောင်းအရင်းကတော့ နားမကြားခြင်း (Deafness) ကြောင့်ဖြစ်ပါတယ်။ နားကြားမှ စကားပြောနိုင်ပါတယ်။ နားကြားမှ ကလေးကို စကားပြောသင်ကြားပေးနိုင်မှာဖြစ်ပါတယ်။ ဒီကလေးက အရမ်းအေးတာပဲ။ ဆူဆူညံညံ စကားပြောအော်ဟစ်လည်း ငြိမ်နေတာပဲ ဆိုတာ ကောင်းတဲ့လက္ခဏာမဟုတ်ပါဘူး။ ကလေးဟာ အသံပေါ်မှာ မူတည်ပြီး ငြိမ်သက်နေတယ်။ လန့်နေတယ်။ ငိုမယ်ဆိုတာတွေက ကလေးနားကြောင့် အခြေအနေ ကိုလိုက်ပြီး တုံ့ပြန်တာဖြစ်ပါတယ်။ ဒါကြောင့် မိဘတွေအနေနဲ့ ကလေးတစ်ယောက် နားကြား၊ မကြားကိုလည်း သတိထားစေချင်ပါတယ်။ နားမကြားတာကိုသိလို့ စောစော ကုသရင် ကလေးအတွက် စကားပြောနိုင်ခြင်းကို မထိခိုက်နိုင်တော့ပါဘူး။

 ကလေးတွေ စကားပြောနောက်ကျရတဲ့ အကြောင်းအရင်း နောက်ထပ် တစ်ခုကတော့ ကလေးတွေကို မိဘတွေက အချိန်ပေးပြီး လှုံ့ဆော်မှု မပြုလုပ်တာ ပဲ ဖြစ်ပါတယ်။ အဖေရော အမေပါ နှစ်ယောက်စလုံး စီးပွားရေး နယ်ပယ်မှာအောင်မြင်ဖို့ ကြိုးစားရင်း ကလေးကို ကလေးထိန်းနဲ့ ထားရာမှာ ကလေးကိုစကားပြောလှုံ့ဆော်မှု နည်းပြီး မိဘရဲ့မေတ္တာကို မရကြတဲ့အတွက် ကလေးအနေနဲ့ စကားပြောနောက်ကျ တာ ဖြစ်တတ်ပါတယ်။ Emotional Deprivation မိဘမေတ္တာငတ်တဲ့ သဘောကြောင့်ပါပဲ။

နောက်တစ်ချက်ကတော့ ဉာဏ်ရည်နိမ့်ကျခြင်း(Mental Retardation) ကြောင့်ဖြစ်ပါတယ်။ မွေးရာပါ အကြောင်းအရာတွေကြောင့် ဉာဏ်ရည်နိမ့်ကျတာကို ပြု ပြင်လို့ မရပေမယ့် ကာကွယ်လို့ရတဲ့၊ စောစောကုသလို့ရတဲ့ အကြောင်းတွေကြောင့် ဉာဏ်ရည် နိမ့်ကျမှု မရှိအောင် ဆောင်ရွက်သင့်ပါတယ်။ မိခင်တွေအနေနဲ့ အိုင်အိုဒင်းပါတဲ့ ဆားကို စားစေခြင်းဖြင့် ကလေးအနေနဲ့ လည်ပင်းကြီး ရောဂါဖြစ်ခြင်း၊ ဉာဏ်ရည်နိမ့်ကျခြင်းမှ ကာကွယ်နိုင်ပါတယ်။ ခေါင်းသေးတဲ့ကလေး (Microcephaly) ကတော့ ဦးနှောက် ကြီးထွားမှု မရှိတော့တဲ့အတွက် စကားမပြောနိုင်ပါ။ ဒါပေမယ့် ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်အနေနဲ့ ဂျိုက်သိုးရောဂါမရှိဖြစ်အောင်၊ အပျိုဖော်အရွယ်ကတည်းက Rubella Vaccination ဂျိုက်သိုးကာကွယ်ဆေး ထိုးခဲ့ရင် ခေါင်းသေးတဲ့ ကလေးမွေးဖွားခြင်းမှ အထိုက်အလျောက်အနည်းအကျဉ်းလောက် ကာကွယ်နိုင်ပါတယ်။


Credit : ပါမောက္ခဒေါက်တာအေးသောင်း


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18