ငိုကြွေးခြင်းဟာ တရားလွန်ခံစားချက်တွေကို ပပျောက်စေပါတယ်
29-Dec-2020
စိတ်ထဲမှာ
အရမ်းကို ခံစားနေရတာ၊ လူသတ်ချင်လောက်အောင် စိတ်ခံစား မှုပြင်းထန်နေတောတွေဟာ ငိုလိုက်ရင်
လျော့သွားနိုင်ပါတယ်။ ကိုယ်ကအရမ်း စိတ်လှုပ်ရှားပြင်းထန် နေပြီးစိတ်မထိန်း နိုင်တော့ရင်တော့
မဖြစ်သင့်တာတွေ ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် သင်ကအရင်ဦးဆုံး စိတ်ကို မလွှတ်ခင် မျက်ရည်ကို
အရင်လွှတ်လိုက်ပါ။ အဲဒါဆို သင်ခံစားနေရတဲ့ ပြင်းထန်တဲ့ ခံစားချက်တွေက တစ်ဝက်မက လျော့ကျသွားမှာပါ။
စိတ်ဆိုတာ
မြင်ရတဲ့အရာမဟုတ်ပေမဲ့ လူကိုသေနိုင် လောက်တဲ့အထိ စွမ်းတဲ့အ ရာ တစ်ခုပါ။ အဲဒီစိတ်ရဲ့
အစိုးမရမှုကို ကိုယ်ရဲ့ဆင်ခြင်တုံတရားနဲ့ ထိန်းချုပ်ရပါတယ်။ မစဉ်းစားဘဲ လုပ်လိုက်ရင်
ဘယ်အရာတွေ ဘယ်လိုဆိုးဝါး ဖြစ်လာမလဲဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး။ အဲဒီတော့ ဘာမှမလုပ်မိခင်မှာ
အရင်စဉ်စားပါ။ဘာမှစဉ်းစားလို့မရအောင်ထူပူနေရင်တော့ အရင်ငိုကြည့်တာ ကောင်းမယ်လို့ထင်ပါတယ်။ကိုယ်ငိုတာ
လူမမြင်စေ ချင်ရင်တော့ တိတ်တိတ်လေးတွေးပြီး ငိုပေါ့နော်။
Credit : အဖြူရောင်
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

