Print

Olive Oil ကောင်းကျိုး

  21-Dec-2020
Preview Image

တောက်ပတဲ့ အရေပြားအလှအတွက် မီးဖိုချောင်သုံး Olive Oil ကို ဂရိအမျိုးသမီးတွေ အသုံးပြုကြပါတယ်။ နေလောင်ဒဏ်ခံ အရေပြားအတွက် ယားယံတာ၊ အရေပြားနီရဲတာ၊ အစိုဓာတ်ထိန်းနိုင်အောင် Olive Oil ကို အသုံးပြုနိုင်ပါတယ်။ မျက်နှာရဲ့ အစိုဓာတ်ကို
လည်း ထိန်းပေးနိုင်တယ်။

သုံးစွဲလုပ်ဆောင်ရတဲ့ နည်းလမ်းကိုတော့ အသေအချာမှတ်ထားဖို့ လိုပါတယ်။ ပထမဆုံး ရေမစို မခြောက်အချိန်မှာ (သို့) ရေချိုးခန်းထဲမှာ Olive Oil ပွတ်ပြီးမှ မျက်နှာသုတ်ပဝါနှင့် အနည်းငယ်ဖိပေးပါ။ တစ်ကိုယ်လုံးနူးညံ့ပြီး ချောမွေ့လာပါလိမ့်မယ်။ အီတလီ အမျိုးသမီးတွေလည်း အသုံးပြုပါတယ်။ ဒါကြောင့် အီတလီသူတွေကို ကြည့်လိုက်ရင် အသားအရေ စိုပြည်တောက်ပတာကို တွေ့ရပါမယ်။

အရေပြားနဲ့ နှုတ်ခမ်းသားတွေ ပျော့ပျောင်းပြီး ရွှန်းစိုစေဖို့လည်း အသုံးချနိုင်ပါတယ်။
Olive Oil ဟာ နိုင်ငံတိုင်းမှာ အလွယ်တကူ ရရှိနိုင်တာကြောင့် မည်သည့်အသားအရေ
မျိုးမဆို တောက်ပပြီး ရွှန်းစိုတဲ့အရေပြားအလှကို ပိုင်ဆိုင်နိုင်ပါတယ်။ တခြားသော သဘာဝပစ္စည်းများနဲ့ Olive Oil ကို ပေါင်းစပ်ပြီး လိမ်းခြယ်တဲ့အခါမှာလည်း သာမန်ထက် မတူတဲ့ ထူးခြားစိုပြည်မှုများကို ပေးစွမ်းနိုင်ပါတယ်။ သံလွင်ဆီဟာ ဟင်းချက်ရာမှာလည်း အသုံးပြုနိုင်သလို သူ့ရဲ့ ထူးခြားတဲ့ အာနိသင်အစွမ်းတွေကတော့ ပြောလို့ မကုန်နိုင်
အောင်ပါပဲ။ သဘာဝတရားက ပေးစွမ်းတဲ့ လက်ဆောင်မွန်လို့ တချို့က ဆိုကြပါတယ်။


Credit : ဝိုင်ဝိုင်းသစ်


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။





Related Articles


Advertisment 18